သတင်း

တပ်နှင့် တပ်ခေါင်းဆောင်များ၏ စီးပွားရေးကွန်ရက်များကို ပိတ်ဆို့အရေးယူရန် နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် တိုက်တွန်း

စစ်တပ်၏စီးပွားရေး အဆက်အသွယ်များကို ဖော်ထုတ်ကာ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ရောင်းချမှုများကို ပိတ်ဆို့ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ယနေ့ထုတ်ပြန်လိုက်သည်။ မြန်မာ့တပ်မတော်နှင့် တပ်က ထိန်းချုပ်၍ အားကိုးအားထားပြုသော ကုမ္ပဏီကွန်ရက်ပေါင်းများစွာတို့နှင့် အဆက်အသွယ်ဖြတ်ရန် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကို ယင်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ယင်းထုတ်ပြန်ချက်တွင် စစ်တပ်ထိပ်သီးခေါင်းဆောင်များ ပိုင်ဆိုင်၊ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတိုနှင့် ပတ်သက်၍လည်း အသေးစိတ် စုံစမ်းဖော်ထုတ်ထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးများ စတင်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် အဖွဲ့အစည်းပေါင်း ၄၅ ခုက စစ်တပ်ကို ဒေါ်လာ ၁၀ သန်းကျော်တန် အလှူငွေများ ပေးခဲ့ကြောင်း အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။

မြန်မာနိုင်ငံစီးပွားရေးဦးပိုင်ကုမ္ပဏီတွင် တာဝန်ယူထားသော ထိပ်တန်းတပ်မတော်ခေါင်းဆောင်းများ

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန် ငွေကြေးထောက်ပံ့ခဲ့သော ကုမ္ပဏီနှစ်ခုဖြစ်သည့် ကမ္ဘောဇအုပ်စု (KBZ) နှင့် မက်စ်မြန်မာ (Max Myanmar)တို့ကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးရန်နှင့် လိုအပ်ပါက လူသားမျိုးနွယ်စုအပေါ် ကြီးမားစွာကျူးလွန်ခဲ့မှုတွင် ဝင်ရောက်ကူညီပေးမှုနှင့် ၎င်းတို့နှစ်ဖွဲ့ကို တရားစွဲဆို အရေးယူဖို့ တိုက်တွန်းထားသည်။

တပ်မတော်ကို မြန်မာ့စီးပွားရေး ဘဝက ဖယ်ရှားရန် လုပ်ရပ်နှစ်ရပ်ကို ပြိုင်တူလုပ်ဆောင်ရမည်ဟု ယင်းမစ်ရှင်၏ ဥက္ကဋ္ဌ မာဇူကီးဒါရူစမန်းက ဆိုသည်။

တပ်မတော်ကို စီးပွားရေး အထီးကျန်ဖြစ်စေရန် လုပ်ဆောင်သည့်အပြင် မြန်မာနိုင်ငံရှိတပ်မတော် မဟုတ်သော ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေ အဆက်အသွယ်များကို မြှင့်တင်ပေးရမည်ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယခုအစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က စက်တင်ဘာလ၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်သွင်းသွားမည်ဖြစ်သည်။

မြန်မာ့တပ်မတော်ကို စစ်လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချနေသော နိုင်ငံများနှင့်ကုမ္ပဏီများ

 

Show More

Related Articles

Back to top button