အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ဘန်ကောက်တွင် ပေါက်ကွဲမှုများဖြစ်၍ အနည်းဆုံး လူနှစ်ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ BTS မိုးပျံရထားဘူတာရုံတစ်ခုအနီးနှင့် အခြားသုံးနေရာတွင် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲသံကြီးများကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ကြရပြီး ယင်းဖြစ်ရပ်တွင် အနည်းဆုံး လူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြသည်။

ဒဏ်ရာရရှိသွားသူ နှစ်ဦးမှာ ဘန်ကောက်မြို့၊ ရာမ ၉ လမ်းပေါ်တွင်ဖြစ်ပေါ်သော ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ချောင်နွန်စီ BTS မိုးပျံရထားဘူတာရုံအနီးတွင် ယနေ့နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က ဗုံးပေါက်ကွဲမှုနှင့်တူသော ပေါက်ကွဲသံကြားခဲ့ရပြီး ယင်းဘူတာရုံထွက်ပေါက် နှစ်ခုကို လုံခြုံရေးအတွက် ပိတ်ထားသည်။ အလားတူပင် ဘူတာနှင့်နီးသော မြေပြင်ရှိဧရိယာကိုလည်း ရဲတပ်ဖွဲ့က ပိတ်ထားသည်။

လူမှုကွန်ရက် Twitter တွင် တက်လာသော ဓာတ်ပုံတစ်ပုံ၌ ဘူတာရုံပလက်ဖောင်းတွင် မှန်ကွဲများပြန့်ကျဲနေပုံ ပါဝင်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဘန်ကောက်မြို့ ရာမ ၉ လမ်း၊ လမ်းသွယ် ၅၇/၁ တွင်လည်း ကျယ်လောင်သည့် ပေါက်ကွဲသံများ ကြားခဲ့ရပြီး နှစ်ဦး ဒဏ်ရာရရှိသွားသည်။ ပေါက်ကွဲသံကြီးတစ်ခုမှာမူ King Power Mahanakhon အဆောက်အအုံအပြင်ဘက်၊ ဆိုခဲ့ပါ BTS ဘူတာရုံအနီး၌ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချန်ဝတ်တာနာလမ်းမပေါ်ရှိ အစိုးရအဆောက်အအုံတစ်ခုအနီးတွင်လည်း ပေါက်ကွဲသံကြီးကို သုံးခါတိတိ ကြားခဲ့ရသည်။

ထိုင်းရဲတပ်ဖွဲ့မှ ဗုံးနှင့် ပေါက်ကွဲပစ္စည်း ကျွမ်းကျင်သူများကိုလည်း အခင်းဖြစ်ပွားရာနေရာတွင် တွေ့မြင်ရသည်။

Credit: Bangkok Post

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button