အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်က တရားစွဲဆိုထားသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်

တပ်မတော်ကို အကြည်ညိုပျက်စေရန် Facebook ပေါ်တွင် ရေးသားသည်ဟုဆိုကာ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို တပ်မတော်က တရားစွဲထားမှုအပေါ် အင်းစိန်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (က)ဖြင့် ယနေ့ စွဲချက်တင်လိုက်သည်။

တရားလို ဒုတိယဗိုလ်မှူးကြီးလင်းထွန်း အပါအဝင် အနိမ့်ဆုံး ဗိုလ်မှူးအဆင့်ရှိသည့် တရားလိုပြသက်သေ တပ်မတော်သား ငါးဦးကို စစ်ဆေးပြီးနောက် ထိုသို့ စွဲချက်တင်လိုက်ခြင်း ဖြစ်ပြီး အာမခံ မရရှိထား၍  မင်းထင်ကိုကိုကြီးသည် အင်းစိန်ထောင်မှနေ၍ အချုပ်ဖြင့် ဆက်လက် တရားရင်ဆိုင်ရမည် ဖြစ်သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူလည်း ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်နေရာယူထားမှုနှင့် ပတ်သက်ပြီး ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက် ရေးသားနေသူဖြစ်သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးမှာ ၎င်း၏Facebook “Ko Ko Gyi” တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အတွင်း ရေးသားခဲ့သည့် ရေးသားမှုများတွင် တပ်မတော်ကို ဂုဏ်သိက္ခာ ကျဆင်းစေသည့်အချက်များ ပါသည်ဟုဆိုကာ ဧပြီလတွင် တရားစွဲခံရခြင်း ဖြစ်သည်။

၎င်း၏ရေးသားချက်များတွင် တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ဝင်ရောက်နေရာယူထားမှု၊ လွှတ်တော်တွင် တပ်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက်များကို ကန့်ကွက်မှုများအကြောင်း ဝေဖန်ထားသည်ကို တွေ့ရသည်။

အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၅ဝ၅ (က)သည်  ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့် ပတ်သက်ပြီး ရေးသားဖြန့်ချိမှု ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button