အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

သမ္မတထရမ့်ကို ပြစ်တင်ရှုတ်ချရန် အမေရိကန်အောက်လွှတ်တော် မဲခွဲဆုံးဖြတ်

အမျိုးသမီး လွှတ်တော်အမတ်လေးဦးကို ဆက်တိုက် ဝေဖန်တိုက်ခိုက်ခဲ့သော သမ္မတဒေါ်နယ်ထရမ့်ကို ပြစ်တင်ရှုတ်ချရန် အမေရိကန်အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်သည်။

သမ္မတထရမ့်၏ လူမျိုးရေးခွဲခြားသော မှတ်ချက်များသည် အမေရိကန်နိုင်ငံသားခံယူသူအသစ်များနှင့် အသားအရောင်ရှိသောလူများ၏ အကြောက်တရားနှင့် အမုန်းတရားများကို ဘောင်ဝင်သွားစေသည်ဟု လွှတ်တော်ဆုံးဖြတ်ချက်တွင် ဖော်ပြခဲ့သည်။

အမျိုးသမီးအမတ်အချို့ကို တိုင်းပြည်မှ ထွက်ခွာသွားရန် ပြောဆိုခဲ့သော သမ္မတထရမ့်သည် လူမျိုးရေးခွဲခြားသူ၊ လူမျိုးခြားမုန်းတီးသူအဖြစ် စွပ်စွဲခြင်းခံနေရသည်။

ထရမ့်ကမူ ၎င်းတွင် လူမျိုးရေးခွဲခြားစိတ် မရှိကြောင်း ငြင်းဆိုထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ ဆုံးဖြတ်ချက်ကို ဒီမိုကရက်များလွှမ်းမိုးထားသော လွှတ်တော်က ၂၄၀၁၈၇ မဲဖြင့် အတည်ပြုခဲ့သည်။ ဆုံးဖြတ်ချက်ကို ထောက်ခံရာတွင် ဒီမိုကရက်အမတ် ၂၃၅ ဦးစလုံးနှင့်အတူ ရီပတ်ဘလစ်ကန်အမတ် ဦးနှင့် တစ်သီးပုဂ္ဂလအမတ် ဂျပ်စတင်အေမတ်စ်လည်း ပါဝင်ခဲ့သည်။

အမျိုးသမီးလွှတ်တော်အမတ်များဖြစ်သော အလက်ဇန်းဒရီးယား အိုကက်စီယို ကော်တက်စ်၊ အီလ်ဟမ်အိုမာ၊ အေယန်နာပရက်စလေနှင့် ရာရှီဒါတာလစ်တို့သည် အလုံးစုံပျက်သုဉ်းနေသော အစိုးရများ အုပ်ချုပ်သည့် နိုင်ငံများမှ လာသူများဖြစ်ရာ ပြန်သွားသင့်ကြောင်း သမ္မတထရမ့်က တနင်္ဂနွေနေ့က twitter တွင် ဆက်တိုက်ပြောဆိုခဲ့သည်။

ထရမ့်က ၎င်းတို့၏အမည်ကို ထုတ်ဖော်မပြောခဲ့သော်လည်း ဆက်စပ်မှုများအရ လေးဦးတပ်ဖွဲ့ဟု လူသိများသော ဒီမိုကရက်အမတ်လေးဦး ဖြစ်ကြောင်း ပေါ်လွင်လာခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး လွှတ်တော်အမတ်များက ဒေါ်နယ်ထရမ့်၏မှတ်ချက်များသည် အာရုံနောက်စေသည်ဟု တနင်္လာနေ့တွင် ကန့်ကွက်ခဲ့ကြပြီး သမ္မတ၏စကားလုံးများထက် ၎င်း၏ မူဝါဒများကိုသာ အာရုံစိုက်ကြရန် တိုက်တွန်းခဲ့သည်။

လွှတ်တော်၌ မဲမခွဲမီ အပြင်းအထန် ဆွေးနွေးငြင်းခုန်ကြရာတွင် ဒီမိုကရက်အမတ်များက အစိုးရ၏ အမြင့်ဆုံးရာထူးအဆင့်တွင် လူမျိုးရေးခွဲခြားမူဝါဒအတွက် နေရာမရှိသင့်ကြောင်း ဝေဖန်ခဲ့ကြသည်။ ရီပတ်ဘလစ်ကန်အမတ်များကလည်း စွပ်စွဲမှုများသည် အခြေအမြစ်မရှိသော ပုတ်ခတ်မှုများသာဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြသည်။

ဆုံးဖြတ်ချက် မဲခွဲပြီးနောက်တွင် ဒီမိုကရက်အမတ် အယ်လ်ဂရင်းက သမ္မတထရမ့်အား ပြစ်တင်စွပ်စွဲရန် ပုဒ်မများကို တင်သွင်းခဲ့ရာ ဒီမိုကရက်ပါတီခေါင်းဆောင်ပိုင်းက ထိုသို့ပြစ်တင်စွပ်စွဲမှု ပြုလုပ်ရေးကိုမူ ငြင်းပယ်ခဲ့ကြသည်။

သမ္မတထရမ့်ကမူ လွှတ်တော်ဆုံးဖြတ်ချက် မဲခွဲမှုတွင် တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသည့် ရီပတ်ဘလစ်ကန်ပါတီ၏အားကဲ ဘယ်လောက်တောင် စည်းလုံးသလဲဆိုတာ ကြည့်ကြဟု twitter တွင် ချီးကျူးရေးသားခဲ့သည်။ ထို့အပြင် အဆိုပါ အမျိုးသမီး လွှတ်တော်အမတ်များက အမေရိက၊ အစ္စရေးတို့နှင့် ပတ်သက်၍ မနှစ်မြို့သည့် အကြောင်းများကို ပြောဆိုနေကြခြင်းနှင့် ပတ်သက်၍ ထရမ့်က ထပ်မံဝေဖန်တိုက်ခိုက်ခဲ့သည်။

Credit: BBC

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button