အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

‘တရားမျှတမှုနှင့် အမှန်တရားဖော်ထုတ်ရေးကော်မတီ’ကို မန္တလေးမှာ ဖွဲ့စည်း

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် အကောင်အထည်ဖော်နေသည့် အကြီးစားစီမံကိန်းများနှင့် ဒေသခံတို့အကြား ဖြစ်နေသည့်ပြဿနာရပ်များကိုကူညီဖြေရှင်းပေးရန် မန္တလေးရှိ အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်သည်။

“တရားမျှတမှုနှင့် အမှန်တရား ဖော်ထုတ်ရေးကော်မတီ”သည် အယ်လ်ဖာဘိလပ်မြေ စက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး နစ်နာမှုများ ရင်ဆိုင်နေရသော ပုသိမ်ကြီးမြို့နယ် အောင်သပြေ ကျေးရွာ ဒေသခံ ပြည်သူတို့၏ အခက်အခဲများ အပါအဝင်အခြားသော ပြည်သူ့နစ်နာမှုများကို ကူညီဖြေရှင်းပေးမည်ဖြစ်သည်။

“မန္တလေးနဲ့ အနီးတစ်ဝိုက် စီမံကိန်းတွေအများစုမှာ အချို့စီမံကိန်းတွေဟာ ဒေသခံတွေနဲ့ ပဋိပက္ခ ပြဿနာတွေ ရှိနေတာတွေ့ရတယ်၊ အဲဒီပြဿနာတွေကို လေ့လာလိုက်တဲ့အခါ ဒေသခံတွေဟာ နစ်နာမှုတွေ ရှိနေတယ်၊ အဲဒီအတွက် မန္တလေးမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီး ကူညီဖို့ ဖွဲ့စည်းလိုက်တာပါ” ဟု တရားမျှတမှုနှင့် အမှန်တရား ဖော်ထုတ်ရေး ကော်မတီ၏ သတင်းပြန်ကြားရေး ယခင်ဗကသကျောင်းသားဟောင်း ဦးရဲရင့်ကျော်က ပြောသည်။

အဆိုပါကော်မတီပေါ်ပေါက်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မြေယာအရေး တက်ကြွလှုပ်ရှားသူများ၊ ပြည်သူ့ပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ နိုင်ငံရေး အကျဉ်းသားများ ကာကွယ်ရေးကွန်ရက်၊ တရားလွှတ်တော် ရှေ့နေများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက တက်ရောက်ဆွေးနွေးခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဖိအားပေးဖို့မဟုတ်ဘူး၊ အကျပ်ကိုင်ဖို့မဟုတ်ဘူး၊ အစိုးရကို ကူညီရာလည်းရောက်ပါတယ်၊ ဒေသခံတွေကို ကူညီရာလည်းရောက်ပါတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားမျှတဖို့ ကူညီသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါကော်မတီကို မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကမှ ကိုယ်စားပြုဦးဆောင်ခြင်းမဟုတ်ဘဲ မတရားမှုများဖော်ထုတ်ရန် ပုဂ္ဂိုလ်ရေးအရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင် ၅ဝ ဖြင့် ဦးဆောင်ဖွဲ့စည်းသည်ဟု ဆိုသည်။

လတ်တလောဖြစ်ပွားနေသည့် မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေး စွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်းကိုကန့်ကွက်သူရွာသားများနှင့် ကုမ္ပဏီအကြား ပဋိပက္ခတွင် အဖမ်းခံရပြီး ထောင်ထဲမှာ အငြင်းပွားဖွယ်သေဆုံးသွားခဲ့သော ကိုထွန်းမြင့်ဝင်း၏ အမှုမှန် ပေါ်ပေါက်ရေး ကိစ္စရပ်များကို ယနေ့ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button