အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးဝီရသူထောက်ခံသူများ ခေါင်းစဉ်ပြောင်းပြီး ဆုတောင်းပွဲလုပ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံရပြီး ဝရမ်းပြေးဖြစ်နေသည့် ဦးဝီရသူအား ထောက်ခံသူများသည် ယနေ့ ဇွန် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားတွင် ဆုတောင်းမှုထပ်မံပြုလုပ်ခဲ့သည်။

ယနေ့ ဆုတောင်းပွဲကို လိုက်ထရပ်ကား ၉ စီးခန့်လာရောက်ခဲ့ပြီး ယခင်နေ့များတွင် ဦးဆောင်ပြုလုပ်သည့် သံဃာနှင့်လူပေါင်း ၁၀၀ ခန့် က ဆုတောင်းဝတ်ပြုခဲ့ကြသည်။

ဗိုလ်တထောင်စေတီတော်ရင်ပြင်တွင် မေတ္တာသုတ်ရွတ်ဖတ်ခဲ့ပြီး ဗုဒ္ဓသာသနာနှင့် သံဃာတော်များ ဖိနှိပ်ချုပ်ချယ်ခံရခြင်းမှ ကင်းဝေးကြပါစေ ဟု သံပြိုင်ရွတ်ဆိုခဲ့ကြသည်။

သံဃာတော်များ ဖိနှိပ်ချုပ်ချယ်ခံနေရသည်ဆိုသော အချက်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက

“ဒါက တော့ ရှင်းပါတယ် ကျွန်တော်တို့ ဖိနှိပ်ထားတာမျိုး မရှိပါဘူး”ဟု ပြန်လည်ဖြေကြားသည်။

တရားရင်ဆိုင်ခြင်း မရှိသေးဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကိုထောက်ခံသူများက ခေါင်းစဉ်ပြောင်းလဲကာ ‘သံဃာတော်များ ဖိနှိပ်ချုပ်ချယ်ခံရခြင်းမှ ကင်းဝေးဖို့ နာမည်ကြီးဘုရားတွေမှာ ဆုတောင်းမေတ္တာပို့အစီအစဉ်’ ဟု ဆိုကာ ရန်ကုန်မြို့အတွင်းရှိ ဘုရားများတွင် ဆုတောင်းပွဲများ လိုက်လံပြုလုပ်နေခြင်း ဖြစ်သည်။

ဆုတောင်းပွဲများတွင် မီဒီယာများကို မဖိတ်ကြားသလို လာရောက်ဆုတောင်းသည့် လူအုပ်များကို အင်တာဗျူးရန် မေးမြန်းသည့် သတင်းထောက်များအား မေးမြန်းခြင်းမပြုရန် ဦးဆောင်သူများက လိုက်လံတားမြစ် ခဲ့သည်။

အဆိုပါ ဆုတောင်းပွဲများကို ရွှေဘုန်းပွင့်စေတီတော်၊ ကျောက်တော်ကြီးဘုရား၊ ကျိုက်ခေါက်ဘုရားတို့တွင်လည်း လုပ်သွားရန် အစီအစဉ်ရှိကြောင်း ယင်းအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button