အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြေယာသိမ်းခံရမှု ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့သည့် နောက်ထပ်တစ်ဦး အမှုဖွင့်ခံရ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဧပြီလ ရက်နေ့ ဧရာဝတီတိုင်း မအူပင်မြို့တွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲ၌ မြေယာကိစ္စ တိုင်ကြားခဲ့သူ မလက်တိုရွာနေ အသက် ၃၃ နှစ်ရှိသော မစိန်စိန်စိုးကို အော့ချက်ကုမ္ပဏီက အမှုဖွင့်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ခရီးစဉ်တွင်လည်း တပ်မတော်၏ မြေသိမ်း တရားစွဲမှုကို တိုင်ကြားခဲ့သူကို တပ်မတော်က တရားစွဲဆိုထားရာ ယခုဖြစ်စဉ်မှာ မြေသိမ်းမှုကို နိုင်ငံတော် အတိုင်ပင်ခံထံ တိုင်ကြားသဖြင့် ဒုတိယမြောက် အမှုဖွင့်ခံရခြင်းဖြစ်သည်။

မစိန်စိန်စိုးကို အော့ချက်ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာမြင့်စိန်က အသရေညှိုးနွမ်းစေမှုဖြင့် မလက်တိုရဲနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မလက်တို နယ်မြေရဲစခန်းမှ ရဲမှူးက ဇွန်လ ၁၂ ရက်နေ့တွင် အကြောင်းကြားထားကြောင်း မစိန်စိန်စိုးက ပြောသည်။

မလက်တိုရဲစခန်းတွင် ရဲစစ်ချက်ယူပြီးနောက် ဒေါက်တာမြင့်စိန်၏ တိုင်ကြားစာနှင့် မိမိ၏ ထွက်ဆိုချက်များကို ပေါင်းပြီး တရားရုံးတင်မည်ဖြစ်ကြောင်း ရဲမှူးထံမှ သိရသည်ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမေစု လာတုန်းက ရှင်းလင်းပြောကြားထားတဲ့ကိစ္စရယ် သတင်းစာရှင်းလင်းပွဲလုပ်တဲ့ကိစ္စရယ်ကြောင့် ဒေါက်တာမြင့်စိန်ရဲ့ ဂုဏ်အသရေညှိုးနွမ်းစေတယ်ဆိုပြီး အမှုဖွင့်ခံရတာဟု ၎င်းက ပြောဆိုသည်။

မစိန်စိန်စိုးကို အမှုဖွင့်ထားသည်မှာ ဟုတ်မှန်ကြောင်း မလက်တို နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဦးစိုးရာဇာက Myanmar Now ကို အတည်ပြုပြောကြားသည်။

ယင်းနှင့် ပတ်သက်၍ အမှုဖွင့်ထားသည့် ဒေါက်တာမြင့်စိန်အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါကိစ္စများနှင့်ပတ်သက်၍ ပြောစရာများစွာရှိကြောင်း ဖုန်းဖြင့်ပြောဆို၍ မရကြောင်း ပြန်လည်ပြောဆိုသည်

မလက်တိုရွာသားများ၏ လယ်ယာမြေအသိမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဧပြီလ ရက်နေ့တွင် ကျင်းပခဲ့သော နိုင်ငံတော်အတိုင်ပင်ခံ၏ လူထုတွေ့ဆုံပွဲတွင် တင်ပြခဲ့ရာ ကွင်းဆင်းစစ်ဆေးပြီး ဥပဒေနှင့်အညီ ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံက ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း၊ သို့သော်လည်း ယနေ့အချိန်ထိ တိုင်းအစိုးရအဖွဲ့မှ လယ်ယာမြေကိစ္စ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် အမြန်ဆုံး ဖြေရှင်းပေးရန် ဇွန်လ ၆ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဒေသခံဖြစ်စဉ်တွေ ဒေသခံတွေရဲ့ စကားတွေကို ကျွန်မက အမေစုကို ရှင်းပြတာပါ။ အမေစုကလည်း မှာထားခဲ့တယ်။ တိုင်းအစိုးရတွေရော မြို့နယ်တွေကိုရော ဒီကိစ္စကို သေသေချာချာ စစ်ပေးပါ။ အမေစုက သေသေချာချာ မှာထားခဲ့ပါတယ် ဟု ၎င်းက ပြောသည်။

ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသော အော့ချက်ကုမ္ပဏီမှ ရွာသားများ၏ မြေယာများကို သိမ်းဆည်းခဲ့သည် ဟုဆိုကာ လယ်သမားများက မကျေနပ်ဘဲ ဆန္ဒပြ ကန့်ကွက်နေခြင်းဖြစ်သည်။

ယင်းသို့ပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်လူထုတွေ့ဆုံပွဲခရီးစဉ်တွင် တပ်မတော်၏ မြေသိမ်း တရားစွဲမှုကို တိုင်ကြားခဲ့သည့် မြိတ်မြို့ ရွာသစ်ကျေးရွာမှ အသက်၂၆ နှစ်အရွယ် ကိုမျိုးသူနိုင်ကို တပ်မတော်က ဂုဏ်သိက္ခာညှိုးနွမ်းစေမှု ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုထားမှုကြောင့် မြိတ်မြို့နယ်တရားရုံးတွင် မေလ ရက်နေ့မှ စတင်ကာ တရားရင်ဆိုင်နေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button