အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ဂျပန်တွင် ကျောင်းကားစောင့်နေသော ကလေးများ ဓားခုတ်ခံရ၍ သုံးဦးသေ၊ ၁၈ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံမြို့တော်တိုကျို၏ တောင်ဘက်ရှိ ကာဝါဆာကီတွင် ကျောင်းကားစောင့်ဆိုင်းနေသော ကျောင်းသား ကျောင်းသူလေးများကို လူတစ်ဦးက ဓားဖြင့်လိုက်ခုတ်၍ သုံးဦးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူများထဲတွင် မူလတန်းကျောင်းသူတစ်ဦးနှင့် အသက် ၃၉ နှစ်အရွယ်အမျိုးသားတစ်ဦးလည်း ပါဝင်ကြောင်း၊ ဓားလွတ်ကိုင် တိုက်ခိုက်ခြင်းကြောင့် ဒဏ်ရာရရှိသွားသူ အရေအတွက်မှာ ၁၈ ဦးဖြစ်ကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။

ဓားဖြင့်တိုက်ခိုက်ခဲ့သူမှာ အသက် ၅၀ အရွယ်ခန့်ရှိပြီး ၎င်းသည် မိမိ၏လည်ပင်းကို မိမိဓားဖြင့်ထိုးခဲ့ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ယင်းဓားဒဏ်ရာများကြောင့်ပင် သေဆုံးသွားကြောင်း သိရသည်။

မည်သည့် ရည်ရွယ်ချက်ဖြင့် ယင်းသို့ ဓားဖြင့်လိုက်လံ တိုက်ခိုက်ခဲ့သည်ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒဏ်ရာရရှိသွားသူများအနက် ၁၆ ဦးမှာ ကျောင်းသူလေးများဖြစ်ကြောင်း ဂျပန်သတင်းဌာနတစ်ခုဖြစ်သော Kyodo ကဖော်ပြသည်။

NHK သတင်းဌာန၏ ရိုက်ကူးတင်ဆက်မှုတွင် အခင်းဖြစ်ပွားရာနေရာ၌ ဂျပန်ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည်ကို တွေ့ရသလို ဓားနှစ်ချောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်ဟု ဖော်ပြသည်။

ကာဝါဆာကီမြို့ မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့နံနက်ပိုင်း ၇ နာရီ ၄၄ မိနစ်ခန့်တွင် အရေးပေါ်အကြောင်းကြားမှုတစ်ရပ် လက်ခံရရှိခဲ့ပြီး ကျောင်းသူ ကျောင်းသားလေးများ ဓားထိုးခံခဲ့ရသည်ဟု စတင်သိရှိခဲ့ရကြောင်း ပြောကြားသည်။

ကျောင်းကားမောင်းသူက တန်းစီစောင့်ဆိုင်းနေသော ကလေးငယ်များအနီးသို့ အမျိုးသားတစ်ဦး ချဉ်းကပ်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ ထို့နောက်အဆိုပါအမျိုးသားက ကားပေါ်တက်မည့် ကလေးငယ်များကို ဓားဖြင့်ထိုးသလို ကျောင်းကားထဲရှိကလေးငယ်များကိုလည်း ဓားဖြင့်လိုက်ထိုးခဲ့ကြောင်း ပြောကြားသည်။

အခြားမျက်မြင်သက်သေ အမျိုးသားတစ်ဦးကမူ “ဘတ်စကားဂိတ်နားမှာ လူတစ်ယောက် သွေးတွေနဲ့လဲကျနေတာ တွေ့ခဲ့တယ်။ မူလတန်းကျောင်းသူ ကျောင်းသားလေးတွေ လဲကျနေတာလည်းတွေ့ခဲ့တယ်။ ဒါမျိုးဖြစ်ရပ်မျိုးကိုမြင်တွေ့ရတာ အင်မတန်ထိတ်လန့်ဖို့ကောင်းပါတယ်” ဟု ပြောကြားသည်။

ဓားကိုင်တိုက်ခိုက်ခဲ့သော အမျိုးသားသည် လည်ပင်းတွင် ဓားထိုးသွင်းဒဏ်ရာ လေးခုဖြင့်သေဆုံးသွားခြင်းဖြစ်သည်ဟု ဂျပန်ပြည်တွင်းသတင်းများအရသိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button