အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၈တန်းကျောင်းသူ မယားပါသမီးအား ၈နှစ်ကြာ အဓမ္မပြုကျင့်သူကို ထောင် ၂၃ နှစ်ချ

မယားပါသမီးအား ၈ နှစ်ကြာ အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ဖျက်ချစေခဲ့သူအား ဧရာဝတီတိုင်း ၊ မြောင်းမြခရိုင် တရားရုံးက ယနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက်သည်။

အသက် ၄၂ နှစ်အရွယ် ဇော်ဌေး ဆိုသူသည် သူ၏အမျိုးသမီး၏ ပထမအိမ်ထောင်မှ ပါလာသည့် သမီးဖြစ်သူအား ၁၄ နှစ်အရွယ်ကတည်းက စတင်ကာ ၈နှစ်ကြာ အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ်နှစ် ၂၀၊ သူအဓမ္မပြုကျင့်ပြီးနောက် ရခဲ့သည့် အမျိုးသမီးငယ်၏ ကိုယ်ဝန်ဖျက်ချမှုအတွက် ထောင်ဒဏ် ၃ နှစ် တို့ကို သီးခြားစီ ကျခံစေရန် တရားသူကြီးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ကတည်းက ဖမ်းဆီးခံခဲ့ရသည့် တရားခံအား ၁၀ လကြာ စစ်ဆေးမှု ပြီးဆုံးချိန်တွင် တရားရုံးမှ မြောင်းမြ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြောင်း တရားခွင်တွင် တက်ရောက်နားထောင်ခဲ့သူ ဦးစစ်အောင်က ပြောသည်။

ရဲမှတ်တမ်းများအရ အဓမ္မပြုကျင့်မှုသည် မိခင်ဖြစ်သူ ကျောင်းဆရာမ ၂၀၁၀ ခုနှစ်က ဖောင်ကြီးသင်တန်း တက်ရောက်နေစဉ် နေအိမ်တွင် ကျန်ခဲ့သည့် ထိုစဉ်က ၈တန်းကျောင်းသူ ၁၄နှစ်အရွယ် မယားပါသမီးအား ပထွေးဖြစ်သူ ဇော်ဌေးက စတင် အဓမ္မပြုကျင့်ခဲ့သည်ဟု ရေးသားထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သင်တန်းပြီးဆုံးပြီးနောက် အိမ်ပြန်ရောက်ချိန် သူ၏သမီးက အဆိုပါ အဖြစ်အပျက်ကို ပြန်လည် တိုင်ကြားခဲ့ကြောင်း၊ ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သဖြင့် အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ရခြင်းဖြစ်ကြောင်း တရားလို ကျောင်းဆရာမ၏ ရဲစခန်းသို့ တိုင်ကြားချက်များတွင် ရေးသားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button