အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးသောဘိတကို တပ်မတော်ဒုတိယမ္ပိ တရားစွဲဆိုမှု တရားရုံး ယနေ့အမိန့်မချဖြစ်

တပ်မတော်၏ဂုဏ်သိက္ခာ ကျဆင်းအောင် လူမှုကွန်ရက်တွင် ရေးသားဝေဖန်သည်ဟုဆိုကာ ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)ကို တပ်မတော်က ဒုတိယမ္မိ ထပ်မံတရားစွဲဆိုထားမှုကို တရားရုံးက လက်ခံကြားနာမှု ပြုမပြုကို ယနေ့ အမိန့်မချဖြစ်ကြောင်း ဆရာတော်၏ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောဆိုသည်။

 “တရားရုံးက ရဲစခန်းကို စစ်ခိုင်းထားတဲ့ စစ်ချက်တွေက ဒီနေ့မှ ရုံးတင်တယ်လို့ ပြောတယ်၊ သူတို့ဘက်က ၅၀၅ ()ကို ဦးတည်တဲ့ စကားလုံးတွေနဲ့ တိုင်ထားတာပေါ့နော်၊ တရားရုံးက ဘယ်လိုအမိန့်ချမယ်ဆိုတာ စောင့်ကြည့်ရမှာပေါ့ ဟု ၎င်းက ဆိုသည်။

သို့သော် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဆိုသည့် ပုဒ်မကို အုပ်ချုပ်ရေးဖြစ်သော အစိုးရဖွဲ့ကသာ စွဲရမည့် ပုဒ်မဖြစ်ပြီး အခြေခံဥပဒေအရ သော်လည်းကောင်း ရာဇသတ်ကြီးပုဒ်မအရ သော်လည်းကောင်း နိုင်ငံတော်အုပ်ချုပ်မှု အာဏာရှိသည့် အဖွဲ့တွင် စစ်တပ်မပါကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး တရားရုံးသို့ ဦးတိုက်လျှောက်ထားသူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိ(ပထမတန်း) ဒုတိယဗိုလ်မှူးကြီးအောင်မျိုးကျော်ကမူတပ်မတော်ဆိုတာ နိုင်ငံ့ဝန်ထမ်းပါဘဲ၊ အဲဒီအခါကျတော့ သူပြောတဲ့စကားတွေက နိုင်ငံတော်အစိုးရကိုလည်း စော်ကားသလိုဖြစ်တာပေါ့ ဟု  Myanmar Now ၏မေးမြန်းမှု ကို ယနေ့တရားရုံးချိန်းအပြီးတွင် ပြန်လည်ဖြေကြားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမရပူရမြို့နယ် တရားရုံးက ရုံးချိန်းကို ဇွန်လ၆ရက်နေ့သို့ ချိန်းဆိုလိုက်ပြီး ယင်းနေ့တွင် လက်ခံကြားနာခြင်း ပြုမပြုကို အမိန့်ချသွားမည်ဖြစ်ကြောင်း ဆရာတော်၏ ရှေ့နေထံမှ သိရသည်။

ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)ကို Facebook တွင်ရေးသားသော အကြောင်းအရာများကြောင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ () ဖြင့် တပ်မတော်က တရားစွဲဆိုထားခြင်းဖြစ်သည်။

ဆရာတော်ဦးသောဘိတသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆()ဖြင့် တရားရင်ဆိုင်နေချိန်တွင် ပြီလ ၉ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိ(ပထမတန်း) ဒုတိယဗိုလ်မှူးကြီးအောင်မျိုးကျော်က အမရပူရမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ ထပ်မံ၍ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ဦးသောဘိတသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ () ဖြင့် တပ်မတော်၏ တရားစွဲဆိုမှု ခံရပြီးနောက် အမှုရင်ဆိုင်နေစဉ်တွင် Facebook တွင် ထပ်မံရေးသားသော အကြောင်းအရာများထဲမှ အချက် ၁၀ ချက်ကို တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ ထပ်မံတရားစွဲဆိုခြင်းဖြစ်သည်။

ယင်းရေးသားသော အချက်များတွင် “နိုင်ငံရေးမှာ ဝင်ပြီးဖျာခင်း၊ ဘာသာရေးမှာ ဝင်ပြီးဖျာခင်း၊ လူမှုရေးမှာ ဝင်ပြီးဖျာခင်း၊ ပညာရေးမှာ ဝင်ပြီးဖျာခင်း၊ နေရာတကာခင်း၊ နောက်ဆုံး ဘုရားဂေါပကထိဝင်ခင်းနေပုံက ဖျာသယ်တပ်ကြီးလို ဖြစ်နေတယ်” ဆိုသောအချက်လည်း ပါဝင်ကြောင်း Myanmar Now က ရရှိထားသော တိုင်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်က တရားရုံးသို့ ဦးတိုက်လျှောက်ထားသော ယင်းတိုင်ချက်တွင် ဦးသောဘိတသည် လူမှုကွန်ရက်တွင် အစိုးရကို အကြည်ညိုပျက်အောင်၊ မုန်းထားအောင်၊ မလေးစားအောင် ရည်ရွယ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို ကြောက်အောင်၊ ထိတ်လန့်အောင် လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်ဟု ဆိုကာ တိုင်ကြားထားကြောင်း တွေ့ရသည်။

ဆရာတော်ဦးသောဘိတအင်တာဗျူး

“သူတို့ဖွဲ့ပေးထားတဲ့ သံဃာ့နာယကကို စစ်တပ်ဟာ ဘယ်တုန်းကမှ မလေးစားခဲ့ဘူး”

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button