အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NDF ပါတီအမတ်ဟောင်း ဦးခိုင်မောင်ရည် သူရရွှေမန်းပါတီကို ကူးပြောင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၏ ရန်ကုန်တိုင်း၊အလုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်မှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ(UBP) သို့ ကူးပြောင်းသွားခဲ့သည်။

သူရဦးရွှေမန်းကို ယုံကြည်၍ ပါတီကူးပြောင်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ အလွန်နိုင်ငံရေး အခြေအနေအရ အစိုးရကောင်းတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းသင့်သူများနှင့်ပူးပေါင်း ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု ဦးခိုင်မောင်ရည်က Myanmar Now ကိုပြောသည်။

“ကျွန်တော့ အနေနဲ့ ပေါင်းတယ်ဆိုတာထက် ကျွန်တော်က ကူညီပေးသူ တစ်ယောက်အဖြစ် မြင်ထားတဲ့ အတွက် ဦးရွှေမန်းရဲ့​ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါတာဖြစ်ပါတယ်” ဟု၎င်းကပြောသည်။

ဦးခိုင်မောင်ရည်မှာ NDF ပါတီမှ ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလက တရားဝင်နုတ်ထွက်စာတင်ထားပြီး ယခု အခါတွင်တော့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ ရန်ကုန်တိုင်း စည်းရုံးရေး တာဝန်ယူထားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ဦးခိုင်မောင်ရည်သည် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီမှ ခွဲထွက်ပါတီငယ်တစ်ခုဖြစ်သည့် NDF ပါတီတွင်လည်း ယခင်က ရန်ကုန်တိုင်း၏ ပါတီတာဝန်ခံအဖြစ်တာဝန်ယူခဲ့သည်။

၄င်းမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီကိုယ်စားပြုပြီး အလုံမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သည်။

၄င်းသည်၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာတွင်မှု ရှုံးနိမ့်ခဲ့သည်။ NDF ပါတီသည် ထိုရွေးကောက်ပွဲတွင် ရာနှင့်ချီသောလွှတ်တော်နေရာများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဘဲဥပင်မကွဲခဲ့ပေ။

“တိုင်းပြည်ကို တကယ် စေတနာထားလုပ်နိုင်တဲ့သူတွေကို ကျွန်တော်တို့ ပူးပေါင်းမယ်။ကျွန်တော်တို့ တတ်ထားတဲ့ နိုင်ငံရေးပညာနဲ့ ကျွန်တော်တို့တတ်နိုင်သမျှ ပံ့ပိုးမယ်” ဟုဦးခိုင်မောင်ရည်က ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button