အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

“(Facebook ရုပ်သံတိုက်ရိုက် လွှင့်တဲ့ဖုန်းကို) ထောင်ဝန်ထမ်းက နားလည်မှုနဲ့ ရောင်းလိုက်တာ”

အကျဉ်းသား ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သည့် ရွှေဘိုထောင် ၂၄ နာရီကြာ ဆူပူမှုသည် ယမန်နေ့ ညနေပိုင်းတွင် အခြေအနေ ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်။
မငြိမ်မသက်ဖြစ်နေစဉ်တုန်းက ရွှေဘိုထောင်တွင်းမှ ထွက်ပေါ်လာသည့် Facebook တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းအပါအဝင် ထောင်၏နောက်ဆုံးအခြေအနေကို ရွှေဘိုထောင်မှူး ဦးဇော်ထွန်းက ယနေ့နံနက်ပိုင်းတွင် သတင်းထောက်များအား တွေ့ဆုံရှင်းပြခဲ့သည်။ အဆိုပါတွေ့ဆုံမေးမြန်းခန်းမှ မေးခွန်းနှင့်အဖြေအချို့ကို ကောက်နုတ်တင်ပြလိုက်ပါသည်။

မေး။        ။ ဆူပူမှုဖြစ်စဉ်မှာ ဦးဆောင်တဲ့သူတွေကို ထောင်တွင်းစည်းကမ်းအရ အရေးယူဖို့ရှိသလား။
ဖြေ။        ။ ကျွန်တော်တို့ ဥပဒေအတိုင်း ဆောင်ရွက်မှာပါ။

မေး။        ။ ဘယ်နှဦးလောက် အရေးယူဖို့လုပ်ထားလဲ။
ဖြေ။        ။ လေးဦး ငါးဦးပါ။

မေး။    ။ Liveလွှင့်တဲ့ဖုန်းက အကျဉ်းထောင်ဝန်ထမ်းတစ်ဦးစီက ရောက်သွားတယ်လို့ သိရတယ်။ ဘယ်လိုရောက်သွားတာလဲ။
ဖြေ။    ။ ထောင်ဝန်ထမ်းက နားလည်မှုနဲ့ ရောင်းလိုက်တာ။

မေး။        ။ အဲဒီဝန်ထမ်းကို သိရှိပြီးပြီလား။
ဖြေ။        ။ သိပြီးပါပြီ၊ ဖုန်းကိုလည်း သိမ်းဆည်းပြီးပါပြီ။

မေး။        ။ အဲဒီဝန်ထမ်းကိုရော ဘယ်လိုအရေးယူမှုတွေ လုပ်သွားမလဲ။
ဖြေ။        ။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အရေးယူသွားမှာပါ။

မေး။        ။ ဒဏ်ရာရတဲ့နှစ်ဦးက တစ်ဦး ပြင်းထန်တယ်လို့ သိရတယ်၊ ဘယ်လိုဒဏ်ရာတွေလဲ။
ဖြေ။        ။ အဲဒီလောက်ကြီးမဟုတ်ပါဘူး၊ မပြင်းထန်ပါဘူး။

မေး။        ။ ဆူပူမှုကို ငြိမ်သက်သွားအောင် ဘယ်လိုနည်းနဲ့ ထိန်းသိမ်းခဲ့တာလဲ။
ဖြေ။        ။ အစက အေးအေးဆေးဆေးနေကြဖို့ ပြောတာပေါ့၊ မရတော့ ကျွန်တော်တို့ဆီက ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ပေါင်းပြီး ခြောက်လှန့်ပြီး ထိန်းသိမ်းခဲ့တာပါ။

မေး။       ။ နောက်ထပ်ဆက်မဖြစ်ဖို့ ဘယ်လိုဆောင်ရွက်ထားလဲ။
ဖြေ။        ။ ဒါကတော့ ပုံမှန်အတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ ခေါင်းဆောင်ပိုင်းတွေ ရွေးထုတ်ပြီး  အရေးယူလိုက်ရင် တည်ငြိမ်သွားမှာပါ။

မေး။     ။ ဦးဆောင်သူတွေက ဘယ်သူတွေလဲ။
ဖြေ။    ။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေဆဲပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button