အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဘိုထောင်ဆူပူမှု Facebook Live လွှင့်ခဲ့သည့် ဖုန်းကိုရောင်းခဲ့သည့် ဝန်ထမ်းကိုဖမ်း

ရွှေဘိုထောင်ဆူပူမှုတွင် Facebook Live လွှင့်ခဲ့သည့် စမတ်ဖုန်းကို အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက အကျဉ်းသားများ နားလည်မှုဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ထောင်မှူးက အတည်ပြုပြီး ယင်းဝန်ထမ်းအားလည်း ထိန်းသိမ်းထားကြောင်း ပြောသည်။

“(ရောင်းတဲ့ဝန်ထမ်းက ဘယ်သူဆိုတာ) သိပြီးပါပြီ၊ ဖုန်းကိုလည်း သိမ်းဆည်းပြီးပါပြီ” ဟု ရွှေဘိုထောင်မှူး ဦးဇော်ထွန်းက ယန့နံနက်ပိုင်းတွင် ထောင်ရှေ့ရောက် သတင်းထောက်များအား ပြောသည်။

ဖုန်းရောင်းသည့် ဝန်ထမ်းသည် တပ်သားအဆင့် ဖြစ်ပြီး ထောင်တွင်းဖုန်းဈေးကွက် မည်ကဲ့သို့ ဖြစ်ပေါ်ခဲ့သည်ကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ၎င်းက ပြောသည်။

ရောင်းချခဲ့သည့် ဖုန်းဈေးနှုန်းအပါအဝင် အသေးစိတ်အချက်အလက်များကိုတော့ ရွှေဘိုထောင်မှူးက ပြောကြားခြင်းမရှိပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သမ္မတရုံးက ယမန်နေ့ထုတ်ပြန်ချက်တွင်လည်း ထောင်ဆူပူမှုကို Facebook တွင် Live ထုတ်လွှင့်ခဲ့သည့် အခြေအနေကို ထောက်ပြခဲ့ပြီး နိုင်ငံအနှံ့ ထောင်ဆူမှုများသည် ချိတ်ဆက်မှုရှိနေသည်ဟုလည်း သုံးသပ်ထားသည်။

မေလ ၈ ရက် ညနေပိုင်းမှစ၍ ၂၄ နာရီနီးပါး ဆူပူခဲ့သည့် ရွှေဘိုထောင်၏ အခြေအနေသည် မနေ့က ညနေပိုင်းကတည်းက ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သော်လည်း လုံခြုံရေးအင်အား အများအပြား ချထားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles