အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အစိုးရယူကလစ်စိုက်ခင်းစီမံကိန်း ဒေသခံ တောင်သူများကန့်ကွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ညောင်ပင်သာကျေးရွာနှင့် ဘဏ္ဍာစိုးကျေးရွာတို့မှ တောင်သူ ၂၀ခန့် နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့အကြား မြေယာပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြသည်။

တောင်သူများက ၎င်းတို့ နှစ်ပေါင်း ၃ဝကျော် လုပ်ကိုင်ခဲ့သည်ဆိုသည့် မြေနေရာများတွင် ယူကလစ်ပင်များ လာရောက်စိုက်ပျိုးသည့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ စီမံကိန်းကို ယနေ့တွင် ကန့်ကွက်တားမြစ်ခဲ့ကြသည်။

အငြင်းပွားသည့် မြေနေရာသည် ဧက ၃၀၀ နီးပါး အကျယ်ရှိပြီး ယင်းဧရိယာ၏ အချို့နေရာများသည် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ကျပြီးမြေနေရာများလည်း ပါသည်ဟု ဒေသခံ တောင်သူများက ဆိုသည်။

မလှိုင်မြို့နယ် ဘဏ္ဍာစိုးရွာနဲ့ ညောင်ပင်သာရွာရှိ မြေဧက ၁၀၀ ကို ၂၀၁၈ ခုနှစ်က မလှိုင်စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ယူကလစ်ပင်များ စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင်လည်း အာရှဖွံ့ဖြိုးရေးဘဏ် နှင့် အစိုးရ ပူးပေါင်းလုပ်ဆောင်သည့် စိမ်းလန်းစိုပြည်ရေးစီမံကိန်းအတွက် ဧက ၁၇၀ကို လျော်ကြေး နစ်နာကြေးမပေးဘဲ သိမ်းယူခဲ့ခြင်းကြောင်း ဒေသခံတို့က စွပ်စွဲကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်မတို့မှာ တောင်သူပဲ လုပ်စားရပါတယ်၊ စိမ်းစိုကနေပြီး ကျွန်မတို့လုပ်စားတဲ့ ယာမြေတွေပေါ်မှာ ဘက်ဟိုးတွေနဲ့ကော်၊ ကျင်းတွေတူးပြီး လာလုပ်ပါတယ်၊ ကျွန်မတို့ကို ဘာတစ်ခုမှလည်း အသိပေးခြင်းမရှိပါဘူး” ဟု ညောင်ပင်သာရွာမှ မဝင်းဌေးက ပြောသည်။

ယင်းမြေနေရာများတွင် ပြောင်း၊ ပဲ နှင့် နှမ်း နှင့် အခြားသီးနှံများ စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများက ဆိုသည်။

အဆိုပါ စီမံကိန်းမြေနေရာတွင် တွေ့ရသည့် စီမံကိန်းတာဝန်ရှိသူတစ်ဦးအား မေးမြန်းရန် ကြိုးစားသော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ဒေသခံတို့၏ ယနေ့ လုပ်ရပ်မှာ ဝတ္တရားနှောင့်ယှက်မှု ဖြစ်နေသည်ဟု ပုသိမ်ကြီးမြို့နယ်ရှိ စိမ်းစိုဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒါက ကျွန်တော်တို့ရဲ့ ၁၉၀၂ ခုနှစ်က ဖွဲ့စည်းထားတဲ့ ကြိုးဝိုင်း ဧရိယာထဲမှာ အလုပ်လုပ်တာပါ၊ ရွာသားတွေက နှစ်တော်တော်ကြာ ကြိုးဝိုင်းထဲမှာ ကျူးကျော်နေရင်းနဲ့ ကြိုးဝိုင်းရဲ့ ဥပဒေ နယ်နိမိတ်တွေကို မသိဘဲ သူတို့ရဲ့ ပိုင်ဆိုင်မှုလို့ ယူဆပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ပုံစံ (၇) က ကျွန်တော်တို့ကြိုးဝိုင်းထဲက ပုံစံ(၇) မဟုတ်ပါဘူး။ အခြားတစ်နေရာက ဖြစ်မှာပါ၊ ဒါနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်တွေက သတင်းစာရှင်းပွဲလည်း လုပ်ပြီးပါပြီ။ ဒီနေ့ကိစ္စနဲ့ ပတ်သက်လို့ တာဝန်ဝတ္တရားနှောင့်ယှက်တဲ့အပိုင်းအနေနဲ့ လူကြီးတွေရဲ့ ခွင့်ပြုချက်အရ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button