အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်သိမ်းမြေ ပြန်ပေးရန် ပုသိမ်ကြီးတွင် တောင်းဆို

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာမှ တပ်သိမ်းမြေ ပြန်လည် စွန့်လွှတ်စေလိုသည်ဟု  ဒေသခံတို့က ဧပြီ ၄ ရက်နေ့တွင် သတင်းထောက်များကို ပြောသည်။

အသိမ်းခံထားရသည့် မြေ ဧက ၈ဝ ကျော် ရှိနေကြောင်း၊ ၁၉၉၃ ခုနှစ်က စတင် သိမ်းဆည်းခံရစဉ် ကတည်းက မည်သည့် လျော်ကြေးမျှ မရခဲ့ကြောင်း တောင်သူ တစ်ဦးဖြစ်သည့် ကိုဇေယျက ပြောသည်။

ယခင်က သီးစားချ စိုက်ပျိုးခွင့် ရခဲ့သော်လည်း ထိုအခွင့်အရေး ရုပ်သိမ်းခံရသည်မှာ ၄ နှစ် ကျော်လာပြီဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့မှာ ၁၉၅၃ လယ်ယာမြေဥပဒေအရ ကင်းလွတ်ခွင့် ပေးထားတဲ့ စာချုပ်စာတမ်းရယ်၊ သိမ်းဆည်းကာလ ကတည်းက ရေခွန်မြေခွန်တွေ ကျွန်တော်တို့ပဲ ဆောင်ခဲ့ရတာ၊ ပိုင်ဆိုင်ကြောင်း  အကုန်ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ပိုင် လယ်တွေ ယခုလို သိမ်းခံရတော့ စားဝတ်နေရေး မပြေလည်ဘူး၊ ပြန်ရဖို့လုပ်စရာရှိတာ လုပ်သွားပါမယ်၊ ဆန္ဒပြဖို့လည်း စာတင်နေပါပြီ” ဟု ၎င်းက ပြောသည်။

သိမ်းဆည်းလယ်မြေ ပြန်လည်ရရှိရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံ တင်ပြထားကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က အဆိုပါ အငြင်းပွား မြေနေရာကို ငှားရမ်းပြီး ဘီယာချက်စက်ရုံ တည်ဆောက်မည်ဟု သိရကြောင်း ဒေသခံများနှင့် ပုသိမ်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးရဲမင်းဦးက ပြောသည်။

“မြေတွေ သိမ်းထားပြီး ဘီယာစက်ရုံအဖြစ် ပြောင်းလဲလုပ်ဖို့ စာချုပ်ချုပ် ငှားလိုက်တယ်လို့ ကြားပါတယ်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့  မြို့နယ် အုပ်ချုပ်ရေးမှူး (တို့က) သိမ်းဆည်းမြေနဲ့ ပတ်သက်ပြီး အထက်ကို စိစစ်ပြီး တင်ပြထားတဲ့ အနေအထားပဲ ရှိပါသေးတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

ဒေသခံတို့ တောင်းဆိုမှုနှင့် ပတ်သက်ပြီး တပ်မတော်၊ ဦးပိုင်လီမိတက်တို့၏ တုံ့ပြန်ချက်အတွက် တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။

မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်း စွန့်လွှတ်မြေဧကပေါင်း သုံးသောင်းခွဲ ဝန်းကျင်ရှိပြီး လွှဲအပ်ရန် ကျန်သည့်မြေဧရိယာမှာ ဧက ၈ဝဝ ကျော်သာ ရှိသည်ဟု အစိုးရက ၂၀၁၇ ဧပြီတွင် သတင်း ထုတ်ပြန်ထားသည်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button