
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင်းဆွေးနွေးနေမှုများကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းက မိုးကုတ်မြို့ မုံကွင်း(ခေါ်) ကန်ဘောင်ကွင်းမှစ၍ လူအင်အားထောင်ချီ မြို့အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တောင်းဆိုသည့် လက်မှတ် ၃၀၀၀ ကျော်ကိုလည်း ကောက်ခံရရှိခဲ့ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးရဲအောင်က ပြောသည်။