သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများတိုးလာ

မတည်မငြိမ်ဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ယနေ့နံနက်ပိုင်း ပစ်ခတ်မှုများအတွင်း အရပ်သား ဦး သေဆုံးကာ ဦး ထပ်မံဒဏ်ရာရသွားခဲ့သည်။

မြောက်ဦးမြို့မှ မိုင်ခန့် ဝေးသည့် အောက်သားကန်ကျေးရွာအနီးရှိ တိန်ညိုတံတားတွင် ယနေ့နံနက် နာရီခန့်မှ စတင်ခဲ့သည့် ပစ်ခတ်မှုများအတွင်း အသက် ၂၅နှစ်ခန့် အမျိုးသမီးနှင့် အသက် ၆၀ ခန့် အမျိုးသားတစ်ဦးတို့ သေနတ်ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ပစ်ခတ်မှုများအတွင်း နောက်ထပ် ရွာသား ဦးသည်လည်း ဒဏ်ရာရခဲ့ပြီး မြောက်ဦးမြို့နယ်ဆေးရုံနှင့် တိန်ညို တိုက်နယ်ဆေးရုံများထံ အရေးပေါ် တင်ပို့ထားရကြောင်းလည်း ဒေသခံများက ဆိုသည်။ ဒဏ်ရာရသူများအနက် အမျိုးသမီး ဦးသည် ဆေးရုံသို့အသွား လမ်းတွင် သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။

သေနတ်သံများ ရပ်သွားခဲ့ပြီးနောက် ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါရွာသို့ အရေးပေါ်သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော် မြောက်ဦးမဲဆန္ဒနယ် အမတ် ဦးထွန်းသာစိန်ကလည်း အရပ်သားများ သေဆုံး ဒဏ်ရာရသည့် သတင်းကို အတည်ပြုပြီး နောက်ထပ်ဖမ်းဆီးမှုများလည်း ဆက်တိုက်ဖြစ်နေခဲ့သည်ဟု ဆိုသည်။ အနည်းဆုံး ရွာသား ဦးခန့်ကို တပ်မတော်ဘက်က ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များကို ကိုးကားပြီး ဦးထွန်းသာစိန်က ပြောသည်။

ကျွန်တော်ရောက်တော့ နာရီ ခွဲ နေပြီ။ သူတို့အားလုံး ကြောက်ပြီး ဥက္ကဋ္ဌအိမ်ကို လာစုနေကြတယ်။ သူတို့တွေ ထမင်းမစားရသေးဘူး။ ကျွန်တော့်ကိုဆရာ ထမင်းချက်စားလို့ရလားမေးပြီးတော့မှ သူတို့ ထမင်းချက်ကြတယ်ဟု ယနေ့ နေ့လယ် ၃နာရီ ခွဲခန့်က ဦးထွန်းသာစိန်က Myanmar Now ကို ဖုန်းဖြင့် ပြောသည်။

ပစ်ခတ်မှုများသည် ၎င်းတို့၏ လက်ချက်မဟုတ်ဘဲ တပ်ဘက်က ပစ်ခတ်မှု ဖြစ်နိုင်ကြောင်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ပြောခွင့်ရအရာရှိ ခိုင်သုခက စွပ်စွဲသည်။ အဆိုပါ စွပ်စွဲမှုအတွက် သီးခြားအတည်ပြုချက် မရသေးဘဲ တပ်မတော်ဘက်သို့ ဆက်သွယ်မေးမြန်းရာတွင် ပြောရေးဆိုခွင့် ရှိသူများနှင့် ယနေ့ နေ့လယ် ၃နာရီ ခွဲခန့်အထိ အဆက်အသွယ် မရသေးပါ။

မြန်မာ့တပ်မတော် နှင့် AA တို့အကြား ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် အရပ်သားများ ထိခိုက်သေဆုံး ဒဏ်ရာရချိန်တွင် လက်သည်မပေါ်ဘဲ လက်နက်ကိုင်နှစ်ဖွဲ့က အပြန်အလှန် အပြစ်ဖို့ကြသည်။

ယခုလ ၂၆ ရက် ညဦးပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ရွာမှ အသက်၂၈ နှစ်အရွယ် အမျိုးသမီး လက်နက်ကြီး ထိမှန်ခဲ့ပြီးနောက် ယင်းလက်နက်ကြီးကို ပစ်ခတ်သူမှာ ၎င်းတို့မဟုတ်ဟု တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့သည် အသီးသီး ငြင်းဆိုခဲ့ကြပြီး အဆိုပါဖြစ်ရပ်အတွက် အပြန်အလှန် အပြစ်ဖို့ခဲ့ကြသည်။

ရခိုင်မြောက်ပိုင်းတိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင် စုစုပေါင်း ၁၇၀၀၀ ကျော်မှာ နီးစပ်ရာစခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button