ဓာတ်ပုံအက်ဆေး

အပူပိုင်းဒေသ စိုက်ပျိုးရေးလုပ်ငန်းခွင်မှ တောင်သူများ (ဓာတ်ပုံအက်ဆေး)

ကျေးလက်ဒေသပုံရိပ်များတွင် မြို့ပြနှင့် မတူကွဲပြားမှုတို့ကို တွေ့နိုင်သည်။

မကြာသေးခင်က အပူပိုင်း မိုးနည်းဒေသတွင် တွေ့ရသော စိုက်ပျိုးရေးလုပ်ငန်းခွင် မြင်ကွင်းတို့ကို ဖော်ပြပေးလိုက်ပါသည်။

ရမည်းသင်းမြို့နယ်၊ ရွှေမြင်တင်ဘုရားပေါ်မှ တွေ့မြင်ရသော စိုက်ခင်းများ

တောင်သာမြို့နယ် ကန်ကြီးကျေးရွာသို့ သွားသော လမ်းတွင် ဗာဂျီးနီးယားဆေးရွက်ကြီး စိုက်ပျိုးနေသူများ

တောင်သာမြို့နယ်၊ ကန်ကြီးကျေးရွာသို့ သွားသောလမ်းတွင် မြေဆွေး/မြေ သြဇာ ပြုလုပ်နေသော တောင်သူတစ်ဦး

တောင်သာမြို့နယ် ကျေးလက်ဒေသတစ်ခုတွင် မြေပဲကြိတ်ပြီး ဆီထုတ်နေသည့် မြင်ကွင်း

စိုက်ခင်းမှ ထွက်ရှိလာသော မြေပဲကို သန့်စင်ရွေးချယ်နေသော မြင်းခြံမြို့နယ်၊ ရွှေဘုံသာကျေးရွာဒေသခံများ

မြင်းခြံမြို့နယ်၊ ရွှေဘုံသာရွာမှ မြေပဲကြိတ်ပြီး ဆီထုတ်နေသည့် လုပ်ငန်းခွင်

ရမည်းသင်းမြို့နယ်၊ သမန်းကွင်းအတွင်း နွေမျိုးစပါး ပျိုးကြဲနေသော ဒေသခံတစ်ဦး

ရမည်းသင်းမြို့နယ်၊ ဗျဉ်းကပ်ကျေးရွာအနီးရှိ ဝါစိုက်ခင်းတစ်ခုမှ ဒေသခံတောင်သူများ

ရမည်းသင်းမြို့နယ်၊ ဗျဉ်းကပ်ကျေးရွာအနီးရှိ ဝါစိုက်ခင်းတစ်ခုတွင် တွေ့ရသော တောင်သူ တစ်ဦး

ရမည်းသင်းမြို့နယ်၊ ဗျဉ်းကပ်ကျေးရွာသို့ သွားသောလမ်းဘေး ပြောင်းခင်းတွင် နွားစာ စုဆောင်းနေသော ဒေသခံတစ်ဦး

Show More

Related Articles

Back to top button