ဓာတ်ပုံအက်ဆေး

ရန်ကုန်ဘတ်စကားစနစ်သစ် ၄ ရက်မြောက်နေ့

ရန်ကုန်ဘတ်စကားစနစ်သစ် ၄ ရက်မြောက်နေ့ ဆူးလေဘုရားအနီးမြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

စေတနာ့ဝန်ထမ်း ကူညီဆောင်ရွက်ပေးနေတဲ့ YBS လုပ်အားပေးတွေထဲမှာ အထင်ကရ သရုပ်ဆောင် ဝေဠုကျော်ကိုလည်း တွေ့ရမှာပါ။

ဘတ်စကားအရေအတွက်နဲ့ လိုက်ပါမယ့် ခရီးသည်ပမာဏ မမျှတတဲ့အတွက် ပြီးခဲ့တဲ့ ၃ ရက်လိုပဲ အခမဲ့ ကူညီတဲ့ မော်တော်ယာဉ်တွေလည်း တွေ့ရပါတယ်။

ရဲတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းတချို့၊ စီးပွားရေးကုမ္ပဏီတချို့ရဲ့ မော်တော်ယာဉ်များလည်း ဝင်ရောက် ကူညီပါတယ်။

YBS ရဲ့ လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/yangonbus/ မှာ ဒီကနေ့ ကြေညာထားတာကတော့ – မော်တော်ယာဉ် လိုင်းများက သတ်မှတ်စီးရေ ပြည့်မီအောင် ပြေးဆွဲဖို့ ကြိုးစားနေတယ်၊ ခရီးသွားတချို့က အခပေးယာဉ် မစီးဘဲ အခမဲ့ယာဉ်ကိုပဲ စောင့်စီးတာ တွေ့ရတယ်၊ အဲဒီ အခမဲ့ယာဉ်တွေက သတ်မှတ်လမ်းကြောင်းများအတိုင်း မဆွဲတာကတော့ ခရီးသွားတွေ ယာဉ်လိုင်းအမှန်ကို မသိတော့တဲ့ အခက်အခဲ ရှိနေတယ် ဆိုတာပါပဲ။

“ခရီးသွားများ စုပြုံနေသည့် အချိန်များတွင်သာ ကူညီပြေးဆွဲပေးပါရန်နှင့် ပြေးဆွဲပါကလည်း သတ်မှတ်ထားသော လမ်းကြောင်းများ အတိုင်းသာ တတ်နိုင်သမျှပြေးဆွဲပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်” လို့ YBS က ဆိုပါတယ်။

Show More

Related Articles

Back to top button