အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ရန်ကုန်ဘတ်စကားစနစ်သစ် ၄ ရက်မြောက်နေ့

ရန်ကုန်ဘတ်စကားစနစ်သစ် ၄ ရက်မြောက်နေ့ ဆူးလေဘုရားအနီးမြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

စေတနာ့ဝန်ထမ်း ကူညီဆောင်ရွက်ပေးနေတဲ့ YBS လုပ်အားပေးတွေထဲမှာ အထင်ကရ သရုပ်ဆောင် ဝေဠုကျော်ကိုလည်း တွေ့ရမှာပါ။

ဘတ်စကားအရေအတွက်နဲ့ လိုက်ပါမယ့် ခရီးသည်ပမာဏ မမျှတတဲ့အတွက် ပြီးခဲ့တဲ့ ၃ ရက်လိုပဲ အခမဲ့ ကူညီတဲ့ မော်တော်ယာဉ်တွေလည်း တွေ့ရပါတယ်။

ရဲတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းတချို့၊ စီးပွားရေးကုမ္ပဏီတချို့ရဲ့ မော်တော်ယာဉ်များလည်း ဝင်ရောက် ကူညီပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

YBS ရဲ့ လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/yangonbus/ မှာ ဒီကနေ့ ကြေညာထားတာကတော့ – မော်တော်ယာဉ် လိုင်းများက သတ်မှတ်စီးရေ ပြည့်မီအောင် ပြေးဆွဲဖို့ ကြိုးစားနေတယ်၊ ခရီးသွားတချို့က အခပေးယာဉ် မစီးဘဲ အခမဲ့ယာဉ်ကိုပဲ စောင့်စီးတာ တွေ့ရတယ်၊ အဲဒီ အခမဲ့ယာဉ်တွေက သတ်မှတ်လမ်းကြောင်းများအတိုင်း မဆွဲတာကတော့ ခရီးသွားတွေ ယာဉ်လိုင်းအမှန်ကို မသိတော့တဲ့ အခက်အခဲ ရှိနေတယ် ဆိုတာပါပဲ။

“ခရီးသွားများ စုပြုံနေသည့် အချိန်များတွင်သာ ကူညီပြေးဆွဲပေးပါရန်နှင့် ပြေးဆွဲပါကလည်း သတ်မှတ်ထားသော လမ်းကြောင်းများ အတိုင်းသာ တတ်နိုင်သမျှပြေးဆွဲပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်” လို့ YBS က ဆိုပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button