အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျော်မျိုးရွှေကို အမှုဖွင့်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အင်တာနက်ပေါ်မှာ ပုတ်ခတ်ရေးသားမှုနဲ့ မန္တလေးမြို့မှာနေထိုင်နေတဲ့ ကိုကျော်မျိုးရွှေကို ရန်ကုန်မြို့ စမ်းချောင်းမှာနေထိုင်တဲ့ ဒေါ်မြမြဌေးက တရားလိုလုပ်ပြီး စမ်းချောင်းရဲစခန်းမှာ မတ်လ ၈ ရက်နေ့က အမှုဖွင့်ခဲ့ပါတယ်။

စမ်းချောင်းရဲစခန်းက ရဲဝန်ထမ်းအချို့က ကိုကျော်မျိုးရွှေနေထိုင်ရာ မန္တလေး မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းကို ယနေ့မနက် ရောက်ရှိပြီး ကျော်မျိုးရွှေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ဗလောင်းဗလဲတတ်တဲ့ ခင်ဗျားတို့ အစိုးရအဖွဲ့နဲ့ အကိုက်ညီဆုံးအလုပ်ကလေ ယဉ်ယဉ်ကျေးကျေးပြောရရင် ဇိမ်ခန်းထောင်တဲ့အလုပ်ပဲ” ဆိုပြီး ကိုကျော်မျိုးရွှေက သူ့အကောင့်မှာ ဒီလ ၃ ရက်နေ့က ရေးသားခဲ့ကြောင်း တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။

ကိုကျော်မျိုးရွှေဟာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ဆရာတော် ဦးဝီရသူရဲ့ နောက်လိုက်တစ်ဦးဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့အပတ်က Myanmar Now သတင်းဌာနက ကိုဆွေဝင်းကို ဦးဝီရသူရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုအရေးအသားများ လူမှုကွန်ရက်ဖေ့ဘွတ်ပေါ်မှာ ဖြန့်ချိတယ်လို့ စွပ်စွဲပြီး မန္တလေး အမှတ် ၇ ရဲစခန်းမှာပဲ အမှုဖွင့် တိုင်ကြားခဲ့သူဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုကျော်မျိုးရွှေကို အမှုဖွင့်တိုင်ကြားခဲ့သူ ဒေါ်မြမြဌေးကတော့ ဒီလိုဆောင်ရွက်ရခြင်းဟာ ကိုဆွေဝင်း အမှုဖွင့်ခံရလို့ လက်တုံ့ပြန်တာမဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တိုက်ခိုက်တဲ့ အရေးအသားတွေ ပြုလုပ်ထားတာ တွေ့ရှိခဲ့ခြင်းကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်မြမြဌေးတို့ ရဲ့ တရားဥပဒေစိုးမိုးရေးကွန်ရက်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့ဘွတ်ပေါ်မှာ အသရေဖျက်ရေးသားခဲ့တဲ့ ငဖာ ခေါ် ဇော်ဇော်ကို မနှစ်က အမှုဖွင့် တိုင်ကြားခဲ့ပါသေးတယ်။ တရားရုံးက ကိုဇော်ဇော်ကို ထောင် ၆ လ အမိန့်ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button