အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယခင် သတင်းထောက်၊ ယခု စာရေးဆရာ သုတေသီ

တနင်္ဂနွေနေ့က သော်တာအေးလဲ့ရဲ့ ရသဝတ္ထုရှည်နဲ့ မိတ်ဆက်ပေးတဲ့ စာပေစကားဝိုင်းကို ရန်ကုန်မှာ ပြုလုပ်ရာမှာ စာပေသမားတွေ၊ သူ့ပရိသတ်တွေ၊ မိတ်ဆွေတွေ အများအပြား တက်ရောက်တာ တွေ့ရပါတယ်။

ရသစာပေ ပြန်လည်နာလန်မထူနိုင်သေးတဲ့ကာလမှာ ပြုလုပ်တဲ့ ဒီပွဲကို “လရိပ်ပိုးမျှင်နှင့် အသစ်တို့၏အစ စာပေစကားဝိုင်း” လို့ အမည်ပေးထားတာပါ။ လရိပ်ပိုးမျှင်ကတော့ ဝတ္ထုနာမည်ပါပဲ။ စကားဝိုင်းမှာ ဒီဝတ္ထုအကြောင်း သုံးသပ်ကြသလို ကလောင်ရှင်တွေကလည်း ရသဝတ္ထုတွေကို သူတို့ ဘယ်တုန်းက ဘယ်လို ရေးဖွဲ့ကြတယ် ဆိုတဲ့ အတွေ့အကြုံတွေ ဝေမျှကြပါတယ်။

သော်တာအေးလဲ့က သူ့ရဲ့ လရိပ်ပိုးမျှင်ဟာ “မေတ္တာတရားအကြောင်း ဖွဲ့ဆိုသော ဝတ္ထု” လို့ ဆိုပါတယ်။

ဝတ္ထုကို အမှာစာရေးသားကြရာမှာ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)က ငယ်ဘဝကို ကိုယ်တိုင် မသိလိုက်ဘဲ ပြန်ရောက်သွားသလိုပဲ လို့ ညွှန်းသလို ဆရာမ ခင်မြဇင်က “မေတ္တာနဲ့ လူသားချင်းစာနာစိတ်ကို ဦးတည်ရေးဖွဲ့ထားတဲ့ လူ့ဘဝတွေအကြောင်း ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ထုတ်ဝေတဲ့ ကံ့ကော်ဝတ်ရည်စာအုပ်တိုက်က ဒီလဆန်းပိုင်းမှာပဲ မန္တလေးမှာလည်း လရိပ်ပိုးမျှင် မိတ်ဆက်ပွဲလုပ်ပေးခဲ့ပါသေးတယ်။

စာအုပ်ရှေ့ပိုင်းမှာ ပါဝင်တဲ့ ကိုယ်ရေးအကျဉ်းအရ ဆိုရင် စာရေးသူဟာ အရင်က သတင်းထောက်အဖြစ် ၂ နှစ် လုပ်ကိုင်ခဲ့တယ်၊ အခုတော့ စာရေးဆရာ သုတေသီအလုပ်တွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button