အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စာအုပ်စင်

စာ မပါတဲ့ စာအုပ်

အခုတလော အဆက်မပြတ်ထွက်နေတဲ့ စာအုပ်တွေထဲမှာ “ရှူးတိုးတိုး” လို့ အမည်ပေးထားတဲ့ စာအုပ်လည်း ပါဝင်ပါတယ်။ ဒါက စာမဲ့ကာတွန်းတွေကို စုစည်းထားတဲ့စာအုပ် ဖြစ်ပါတယ်။

မြန်မာပြည် ကာတွန်းဆရာပေါင်းစုံရဲ့ စာမဲ့ကာတွန်းပေါင်း ၂ဝဝ နီးပါးကို ဒီစာအုပ်မှာ တွေ့ရမှာပါ။

စာမဲ့ကာတွန်းသဘာဝအတိုင်း ကြည့်ပြီးရင် တွေးစရာ၊ ပြုံးစရာဖြစ်ပြီး ကျန်ရစ်မှာ သေချာပါတယ်။

ပြုံးစေချင်တဲ့စေတနာအပြည့်နဲ့ ဆွဲထားတယ်လို့ ယူဆရတဲ့ ကာတွန်းများ ပါဝင်သလို နေ့စဉ်လူမှုဘဝ၊ ပဋိပက္ခ၊ သတင်းမီဒီယာ၊ ပညာရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိတဲ့ အကြောင်းအရာတွေကို ဝေဖန် သရော်တဲ့ ကာတွန်းတွေလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ – ဇာနည်ဝင်း / Myanmar Now

မထင်ရှားတဲ့ ကာတွန်းသမားများ၊ နာမည်ရကာတွန်းသမားများရဲ့ လက်ရာအများအပြားကို တစုတဝေးတည်း တွေ့ရမှာပါ။

ဒီစာအုပ်ကြည့်ပြီး ရရှိတဲ့ အချက်တွေထဲမှာ ကာတွန်းတွေက ရယ်စရာတွေကို သယ်ဆောင်လာသလို မောစရာတွေလည်း သယ်လာတတ်တယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါလိမ့်မယ်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Back to top button