ရန်ကုန် – အင်းဝအပ်ချုပ်ဆိုင် ကလေးအလုပ်သမားနှစ်ဦး နှိပ်စက်ခံရသည့်အမှုကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့လာသော ဒေါ်အေးအေးသန်းက စတင်ကိုင်တွယ်လျက်ရှိရာ ဇွန် ၈ ရက်နေ့တွင် ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးခဲ့သည်။
ယခင် ခရိုင်တရားသူကြီး ဒေါ်ဆွေဆွေမှာ အငြိမ်းစား ယူသွားပြီဟု သိရသည်။
ပြန်ခေါ်သက်သေတို့ကို စစ်ဆေးလိုကြောင်း တရားစွဲခံရသူများဘက်က ယခင်က တင်ပြထားချက်အရ တရားသူကြီးသစ်က လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယကျောင်းအုပ် ဒေါ်စန်းစန်းထွေးကို စစ်ဆေးခဲ့သည်ကို တွေ့ရသည်။
အမှုကို ဇွန်လ ၁၃ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။
တရားစွဲခံရသူများက တရားသူကြီးပြောင်းလဲသော်လည်း အမှုကို အစမှ ပြန်လည်စစ်ဆေးခြင်းမပြုဘဲ ပုံမှန်အတိုင်း ဆက်လက် စစ်ဆေးသွားရန် သဘောထားပေးခဲ့ကြသည်။



