အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းဝဆိုင်အမှုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြန်စစ်ဆေး

ရန်ကုန် – အိမ်အကူမိန်းကလေးနှစ်ယောက်ကို အပြင်းအထန်နှိပ်စက်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင်မိသားစုအမှုတွင် ပြန်ခေါ်သက်သေအဖြစ် ဆိုင်တည်ရှိရာ ရန်ကုန်၊ ကျောက်တံတားမြို့နယ် အမှတ်(၉) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလွင်ဦးကို ဇွန်လ ၂ဝ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့သည်။

အိမ်အကူတို့၏ အုပ်ထိန်းသူများက ကလေးများနှင့် တွေ့ခွင့်မရခြင်း၊ လုပ်ခလစာ မရခြင်းတို့အတွက် တိုင်ကြားခဲ့သောကြောင့် အုပ်ထိန်းသူများနှင့် အင်းဝအပ်ချုပ်ဆိုင်အကြား ၂ဝ၁၄ စက်တင်ဘာ ၁၈ နှင့် ၂၂ ရက်နေ့တို့တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထွက်ဆိုသည်။

အုပ်ထိန်းသူတို့က ကလေးများကို ပြန်ခေါ်သွားလိုကြောင်း၊ အပ်ချုပ်ဆိုင်မိသားစုဝင်တို့က ပြန်ထည့်ပေးရန် ငြင်းဆိုကြောင်း သူက ဆက်လက် ထွက်ဆိုသည်။

ဇွန်လ ၂၂ ရက်နေ့တွင် ပြန်ခေါ်သက်သေ ၁၁ ထဲမှ တစ်ဦးကို စစ်ဆေးမည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လူကုန်ကူးမှု၊ အပြင်းအထန်နာကျင်စေမှု၊ ပူးပေါင်းကြံစည်မူ၊ ကလေးသူငယ်ဆိုင်ရာဥပဒေများဖြင့် တရားစွဲခံထားရသော အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ၆ ဦးကို ကြားနာစစ်ဆေးမှုအပြီးတွင် အင်းစိန်ထောင်သို့ ပြန်လည် ပို့ဆောင်လိုက်သည်။

ရန်ကုန်တစ်ဖက်ကမ်း ကော့မှူးမြို့နယ်မှ ကလေးနှစ်ဦး ရန်ကုန်မြို့လယ်ရှိ အပ်ချုပ်ဆိုင်တွင် ငါးနှစ်ကြာ နားရက်မရှိ လုပ်ကိုင်စဉ် ပြင်ပထွက်ခွာခွင့် ပိတ်ပင်ခံရပြီး အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံရသည့် သတင်းသည် စက်တင်ဘာ လလယ်ပိုင်းတွင် ထွက်ပေါ်ခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံကျော်အမှုကြီးတစ်ခု ဖြစ်လာသည်။

ကလေးအလုပ်သမားနှစ်ဦး ကာလကြည်ရှည်စွာ ထိန်းသိမ်းခံရမှု၊ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မ စေခိုင်းမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ကြားဝင်ဖြေရှင်းပေးစဉ် အလုပ်ရှင်က ကလေးနှစ်ဦးကို နစ်နာကြေး သိန်း ၅ဝ ပေးအပ်ခဲ့သည်။

ထိုဖြေရှင်းချက်နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ဆွေးနွေးပြီး ဖြေရှင်းမှုတွင် ပါဝင်သည့် ကော်မရှင်အဖွဲ့ဝင်တို့ကို ထိရောက်စွာ အရေးယူရန် အစိုးရကို တိုက်တွန်းခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button