အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ဇွန် ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည်။
မီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးတို့၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၃ဝဝ,ဝဝဝ နီးပါး (ဒေါ်လာ သန်း ၂ဝဝ ကျော်) ရှိကြောင်း သိရသည်။
ရန်ကုန်၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ မွန်၊ ကရင် စသည့် ပြည်နယ် တိုင်းဒေသကြီးများမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောသည်။



