အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းဝဆိုင်အမှုတွင် ကလေးအလုပ်သမားတစ်ဦး သက်သေထွက်ဆို

ရန်ကုန် – အင်းဝအပ်ချုပ်ဆိုင်အမှုကို ဇူလိုင် ၆ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက်ကြားနာရာ နှိပ်စက်ခံခဲ့ရသည့် ကလေးအလုပ်သမားတစ်ဦးဖြစ်သည့် မသဇင်က သက်သေအဖြစ် ထွက်ဆိုခဲ့သည်ကို တွေ့ရသည်။

တရားခံရှေ့နေများက သူ့ကို အင်းဝအပ်ချုပ်ဆိုင်တွင် လုပ်ကိုင်စဉ် လုပ်ခလစာရရှိမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။

“သမီး အဲဒါတွေမသိဘူး၊ တောင်းလည်းမတောင်းဘူး၊ ယူလည်းမယူခဲ့ဘူး” မသဇင်က ထွက်ဆိုခဲ့သည်။

စစ်ဆေးရာတွင် မသဇင်ကို ကလေးသူငယ်နည်းဥပဒေအရ တရားခံများနှင့် မတွေ့စေဘဲ သီးသန့်အခန်းထဲတွင်သာ ထားရှိခဲ့သည်။ မသဇင်၏ ထွက်ချက်ကို ရုပ်သံ ရိုက်ကူးပြီး တရားခွင်တွင် တိုက်ရိုက် ပြသခဲ့သည်။

တရားခွင်တွင် အမှုစစ်ဆေးခြင်းကို တက်ရောက်နားထောင်သူများ၊ တရားစွဲခံနေရသည့် အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ၆ ဦး၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တချို့ ရှိနေသည်။

အမှုကို ဇူလိုင် ၁၁ ရက်နေ့တွင် ဆက်လက် စစ်ဆေးသည့်အခါ နှိပ်စက်ခံရသူတစ်ဦးဖြစ်သည့် မစန်းကေခိုင်က သက်သေထွက်ဆိုရမည်ဟု သိရသည်။

လာမည့် ရုံးချိန်းများတွင် နှိပ်စက်ညှဉ်းပန်းသည်ဟု စွပ်စွဲခံထားရသူများကို စစ်ဆေးသွားမည်ဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်တွင် မသဇင်၊ မစန်းကေခိုင်တို့ အိမ်အကူများအဖြစ် လုပ်ကိုင်စဉ် နှစ်ရှည်လများ ကြုံတွေ့ခဲ့ရသည့် မတရားမှုများအတွက် အပ်ချုပ်ဆိုင်မိသားစုဝင် ၆ ဦးကို အပြင်းအထန်နာကျင်စေမှု၊ လူကုန်ကူးမှု၊ ပူးပေါင်းကြံစည်မှု ပုဒ်မများအပြင် ကလေးသူငယ်ဥပဒေဖြင့်လည်း စွဲချက်တင်ထားသည်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button