အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်ရောက် ကမန်များကို ရန်ဟီလီ တွေ့ဆုံ

ရန်ကုန် – ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိ မစ္စ ရန်ဟီးလီက ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ တန်းရွာ ဒုက္ခသည် စခန်းက ကမန်တိုင်းရင်းသားတွေနဲ့ ဇူလိုင် ၁ဝ ရက်နေ့မှာ တွေ့ဆုံပါတယ်။

ဒုက္ခသည်စခန်းဖျက်သိမ်းပြီး ရန်ကုန်မြို့ကို ရောက်လာတဲ့ ကမန်တိုင်းရင်းသား ၅၅ ဦးထဲက ကိုယ်စားလှယ်တချို့ တွေ့ဆုံပွဲကို တက်ရောက်ကြတယ်လို့ တစ်နာရီကျော်ကြာ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ကမန်တိုင်းရင်းသားလူမှုကွန်ရက်ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောပါတယ်။

“ဒုက္ခသည်စခန်း ဖျက်သိမ်းလိုက်တယ်၊ ရန်ကုန်မြို့ကို ပို့လိုက်တယ်ဆိုတော့ သူက နည်းနည်းစိတ်ဝင်စားတယ်။ အဲဒီလူတွေနဲ့ရော ကျွန်တော်တို့တွေနဲ့ရော ဘယ်လိုတွေ နေထိုင်စားသောက်နေကြသလဲ ဆိုတာကို သိချင်တဲ့သဘောနဲ့ ကျွန်တော်တို့ကို တွေ့ဆုံတာပါ” လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီက သူ့ရဲ့ ခြောက်ကြိမ်မြောက် မြန်မာပြည်ခရီးစဉ် ပထမနေ့မှာ အခုလို တွေ့ဆုံတာဖြစ်ပါတယ်။

ကမန်တွေဟာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ တစ်ခုတည်းသော မျိုးနွယ်စုပါ။

၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ မငြိမ်မသက်မှုများ နောက်ပိုင်းမှာ ကမန်တချို့ရဲ့ နေအိမ်တွေ မီးရိူ့ ဖျက်ဆီးခံခဲ့ရပါတယ်။

နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ ကမန်တိုင်းရင်းသား ၆ဝဝ ခန့်က ဒုက္ခသည် စခန်းထဲမှာ ၅နှစ်ကြာ နေခဲ့ရတယ်၊ သူတို့ထဲက အများစုကတော့ ရန်ကုန်ကို ရောက်လာကြပြီး မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်ကြတယ်လို့ သိရပါတယ်။

စခန်းကနေ ရန်ကုန်ရောက်နေတဲ့ ကမန်တိုင်းရင်းသားများ နေထိုင်ဖို့ အိုးအိမ်တွေ တည်ဆောက်ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစိုးရကို တောင်းဆိုထားကြောင်း ကမန်တိုင်းရင်းသား လူမှုကွန်ရက်ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button