သတင်း

ရာသီတုပ်ကွေးနှင့် ကြက်ငှက်တုပ်ကွေး မျိုးရိုးဗီဇပေါင်းစပ်မှု မရှိဟု ကျန်းမာရေးဌာန ထုတ်ပြန်

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေးရောဂါပိုးကို ဂျပန်ရှိ National Institute of Infectious Disease ဓာတ်ခွဲခန်းသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေးခဲ့ရာ “ကြက်ငှက် တုပ်ကွေး ရောဂါပိုးနှင့် မျိုးရိုးဗီဇပေါင်းစပ်မှု မရှိကြောင်း” တွေ့ရသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သြဂုတ် ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ် ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ရောဂါပိုးမှာ တစ်ကမ္ဘာလုံး ပုံမှန် ပျံ့နှံ့သည့် ရာသီတုပ်ကွေးရောဂါပိုးအမျိုးအစား ဖြစ်သည်၊ ပုံမှန်ကုသသည့် ဗိုင်းရပ်စ်ကြောင့် ဖြစ်သောရောဂါ ကုသဆေးတို့ကို ၉၅% မှ ၉၈% ထိ တုံ့ပြန်မှုရှိသည်ဟု ဖော်ပြထားသည်။

ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာ ခံစားရနိုင်သော အသက်အရွယ်ကြီးသူ၊ ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ နာတာရှည်ရောဂါရှိသူ၊ ကိုယ်ခံအားနည်းသူတို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ အထူးသတိပြု လိုက်နာကြရန်လည်း သတင်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက facebook.com/MyanmarCDC စာမျက်နှာတွင် ရာသီတုပ်ကွေးဆိုင်ရာ ထုတ်ပြန်ချက်များ ပုံမှန် ဖော်ပြလျက်ရှိသည်။

Show More

Related Articles

Back to top button