အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အိမ်အကူနှိပ်စက်မှု အင်းဝမိသားစုဝင် ဦးရာဇာထွန်း ငြင်းဆို

ရန်ကုန် – အိမ်အကူမိန်းကလေးကို နှိပ်စက်၊ ပိတ်လှောင်၊ လုပ်ခလစာ ဖြတ်တောက်ခြင်း ပြုလုပ်သည်ဟူသော စွပ်စွဲချက်များကို ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တစ်ဦးဖြစ်သည့် ဦးရာဇာထွန်းက သြဂုတ်လ ၁ဝ ရက်နေ့ တရားခွင်တွင် ငြင်းဆိုလိုက်သည်။

မစန်းကေခိုင်ကို အိမ်အကူအဖြစ် အလုပ်ပေးခဲ့သူမှာ ဇနီးသည် ဒေါ်စုမွန်လတ်သာ ဖြစ်ပြီး ၎င်းနှင့် မသက်ဆိုင်ကြောင်း ဦးရာဇာထွန်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုသည်။

“စန်းကေခိုင်ကို မိသားစုနဲ့မခြား တန်းတူထားတာပါ” ဟု ၎င်းက ဆက်လက် ထွက်ဆိုသည်။

အိမ်အကူကို မီးရှို့နှိပ်စက်သည်ဟု စွပ်စွဲချက်ကိုလည်း ၎င်းက ငြင်းဆိုလိုက်ပြီး အင်းဝအပ်ချုပ်ဆိုင် တည်ရှိရာ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တိုက်ခန်းမှ သိမ်းယူသွားသော ဂတ်စ်မီးခြစ်မှာလည်း ၎င်း၏မီးခြစ်မဟုတ်ကြောင်း၊ ရှာဖွေပုံစံတွင်လည်း လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြောင်း ၎င်းက ထွက်ဆိုသွားသည်။

လူကုန်ကူးမှုပုဒ်မ၊ အပြင်းအထန်နာကျင်စေမှုပုဒ်မ၊ ကလေးသူငယ်ပုဒ်မ၊ ပူးပေါင်းကြံစည်မှုပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ခြောက်ဦးစလုံးကို သြဂုတ်လ ၁ဝ ရက်နေ့ တရားခွင်အတွင်း တွေ့ရှိရပြီး တရားခံစစ်အနေဖြင့် ဦးရာဇာထွန်းတစ်ဦးတည်းကိုသာ စစ်ဆေးခဲ့သည်။

ရုံးချိန်း ၅ဝ ကျော် ရှိလာပြီဖြစ်သည့် ဤအမှုကို သြဂုတ်လ ၁၅ ရက်နေ့တွင် ပြန်လည် စစ်ဆေးသည့်အခါ ဦးရာဇာထွန်းကို ပြန်လှန်မေးခွန်းများ မေးမြန်းသွားမည်ဟု ဥပဒေအရာရှိ ဒေါ်ခင်ခင်သက်က ပြောသည်။

သြဂုတ် ၁ ရက်နေ့က ဦးရာဇာထွန်း၏ ဇနီးသည်ကို အိမ်အကူတို့နှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းရာ ရန်ကုန်တစ်ဖက်ကမ်း ကော့မှူးမြို့နယ်မှ ကလေးအလုပ်သမားများတွင် တွေ့ရသည့် ဒဏ်ရာတို့မှာ လုပ်ငန်းခွင်သို့ မရောက်မီကပင် ရရှိထားပြီး ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်သည် လွန်ခဲ့သည့် ၁၁ လက ဆိုင်ရှင်မိသားစုဝင် ခြောက်ဦး ဖမ်းဆီးခံရချိန်မှစ၍ လုပ်ငန်းရပ်ဆိုင်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button