သတင်း

အင်းဝအိမ်အကူဒဏ်ရာရခြင်းမှာ ခွေးကိုက်ခံရသောကြောင့် ဖြစ်ကြောင်း တရားခံပြသက်သေ ထွက်ဆို

ရန်ကုန်မြို့လယ် အင်းဝအပ်ချုပ်ဆိုင်မှ ကလေးအလုပ်သမားတစ်ဦး ရရှိထားသော ဒဏ်ရာများမှာ ခွေးကိုက်ခံရခြင်းကြောင့် ဖြစ်ကြောင်း တရားခံပြသက်သေ ကိုရာဇာလွင်က စက်တင်ဘာ ၅ ရက်နေ့ တရားခွင်တွင် ထွက်ဆိုလိုက်သည်။

အခြားတစ်နေရာတွင် အိမ်အကူအဖြစ် လုပ်ကိုင်စဉ်က ကိုက်ခံရခြင်းဖြစ်သည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ထွက်ဆိုခြင်း ဖြစ်သည်။

ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းတွင် နေထိုင်သည့် ကိုရာဇာလွင်သည် တရားခံအဖြစ် စွပ်စွဲခံနေရသူ တစ်ဦးဖြစ်သည့် ကိုရာဇာထွန်းနှင့် ဝမ်းကွဲညီ တော်စပ်သည်ဟု သိရသည်။

ကျောက်တံတားမြို့နယ် လမ်း ၄ဝ အင်းဝအပ်ချုပ်ဆိုင် နေအိမ်တွင် အိမ်အကူ နှိပ်စက်ခံလျှင် သိနိုင်ပါသလားဟု တရားလိုရှေ့နေဘက်က မေးခွန်းထုတ်ရာ ၎င်းက မသိနိုင်ကြောင်း ဖြေကြားခဲ့သည်။

အမှု၏ ရုံးချိန်း ၆ဝ ဝန်းကျင်တွင် တရားခံပြသက်သေများကို စစ်ဆေးနေသော ရုံးချိန်း ၅ ချိန်းရှိလာကြောင်း၊ တရားခံပြသက်သေ ၃၈ ဦးအနက်မှ ၁၂ ဦးကို စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

တရားသူကြီး နှစ်ယောက် ပြောင်းလဲ စစ်ဆေးခဲ့သည့် ဤအမှုကို ယမန်နှစ်က စတင်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ၆ ဦးသည် အိမ်အကူမိန်းကလေးနှစ်ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့ကို ကာလကြာရှည်ပိတ်လှောင်ထားခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်း၊ လုပ်ခလစာအပြည့်အဝမပေးခြင်း စသည့် စွဲချက်များဖြင့် ရင်ဆိုင်နေရပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည်။

Show More

Related Articles

Back to top button