အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မှ ရတနာဆိုင် သိန်း ၈ဝ ဖိုး လုယက်ခံရ

ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ Diamond 54 စိန်ရတနာ ရောင်းဝယ်ရေးဆိုင်တွင် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက လုယက်မှု ဖြစ်ပွားရာ ပြစ်မှုကျူးလွန်သူကို ဖမ်းမိနိုင်ရေးအတွက် လိုက်လံ စုံစမ်းနေကြောင်း မြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။

ဆိုင်ဖွင့်ချိန်တွင် ဆိုင်ဝန်ထမ်းက ရတနာပစ္စည်းများ ခင်းကျင်းရန် ပြင်ဆင်နေစဉ် အမျိုးသားတစ်ဦးက သူ၏ နောက်မှ ချုပ်ကိုင်ပြီး သိန်း ၈၀ တန်ဖိုးရှိ ရတနာပစ္စည်းကို လုယူသွားသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြစ်မှုကျူးလွန်သူကို စုံစမ်းရာတွင် cctv လုံခြုံရေးကင်မရာ မှတ်တမ်းမှတစ်ဆင့် ခြေရာခံနည်းလည်း ပါဝင်ကြောင်း ပန်းဘဲတန်းမြို့မရဲစခန်းမှ ရဲအုပ်ထွန်းထွန်းဝင်းက ပြောသည်။

“ယခုလက်ရှိတော့ ဖမ်းဆီးနိုင်အောင် စုံစမ်းဆဲပါ။ အနီးအနားက CCTV မှတ်တမ်းတွေလည်း ယူခိုင်းထားပါတယ်” ဟု ရဲအုပ် ထွန်းထွန်းဝင်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရန်ကုန်မြို့ ရွှေငွေရတနာဈေးကွက်တည်ရှိသည့်နေရာတွင် ဖြစ်ပွားခဲ့သော ဤအမှုကို နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၂ ခိုးယူမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles