အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှေ.နေ ဦးကိုနီ လုပ်ကြံခံရမှု ၂၆ကြိမ်မြောက် ကြားနာစစ်ဆေး

ရှေ.နေ ဦးကိုနီ လုပ်ကြံခံရမှု ၂၆ကြိမ်မြောက် တရားရုံး ကြားနာစစ်ဆေးမှုတွင် ဖမ်းဆီးထိန်းသိမ်းထားသူတို့ကို ရန်ကုန်အင်းစိန်မြို.နယ်တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်ခဲ့သူ ကြည်လင်း၊ စေခိုင်းသူ အောင်ဝင်းဇော်တို့နှင့် ထောင်ထဲတွင် အတူနေထိုင်ခဲ့သူ အင်းစိန်အောင်စိုးကိုလည်း ယနေ့ကြားနာမှုတွင် စစ်ဆေးခဲ့သည်။

အင်းစိန်ထောင်၊ မန္တလေးအိုးဘိုထောင်တို့တွင် လုယက်မှုဖြင့် ထောင်ဒဏ် ၁၇ နှစ်ကျော် ကျခဲ့သူ ဦးအောင်စိုးက ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်သည် လူမျိုးခြားဘာသာခြား သံတမန်တစ်ဦးကို မြို့လယ်ကောင်တွင် သေနတ်ဖြင့် လုပ်ကြံဖို့ အလုပ်ကမ်းလှမ်းခဲ့ဖူးကြောင်း ဦးကိုနီ လုပ်ကြံခံရပြီး ရက်အနည်းငယ်တွင် ထုတ်ဖော်ပြောကြားခဲ့သူဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ကြည်လင်းနေထိုင်ရာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို.နယ်ရှိ အိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့သော ရဲအရာရှိတစ်ဦးကိုလည်း တရားခွင်တွင် စစ်ဆေးရာ၊ ၎င်းက ကြည်လင်း၏ အိမ်တွင် အောင်ဝင်းဇော်နှင့် ၎င်း၏အစ်ကိုကြီးဖြစ်သူ အောင်ဝင်းထွန်းတို့၏ ဖုံးနံပါတ်များကို တွေ.ရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အောင်ဝင်းထွန်းသည် အောင်ဝင်းဇော်နှင့် အတူတကွ ကရင်ပြည်နယ်တွင် ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးနှင့် ညီအစ်ကိုတော်စပ်သူ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်မှာ လုပ်ကြံမှုတွင် အဓိကကြိုးကိုင်ခဲ့သူဟု ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားပြီး ၎င်းသည် ဦးကိုနီလုပ်ကြံမှုအပြီး နေပြည်တော်သို့ တိမ်းရှောင်ထွက်ပြေးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles