အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မီဒီယာလွတ်လပ်ခွင့်စစ်တမ်းရလဒ်ကို လူ့အခွင့်အရေးကော်မရှင်ထံသို့ ပေးပို့မည်

ရန်ကုန် – သတင်းထောက်များ၏ အမြင်သဘောထားများကို ကောက်ယူထားသည့် ‘ခြိမ်းခြောက်ခံနေရသော မြန်မာ့မီဒီယာလွတ်လပ်ခွင့်’ အမည်ရှိ စစ်တမ်းကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း စစ်တမ်းကောက်သည့်အဖွဲ့က ပြောသည်။

အဆိုပါစစ်တမ်းကို ‘လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) FEM’ အဖွဲ့က သတင်းမီဒီယာလောကမှ လူဦးရေ ၂၀၀ ၏ သဘောထားများကို ပြီးခဲ့သည့် ဒီဇင်ဘာလမှ ယခုနှစ် ဧပြီလအတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် မေ ၂ ရက်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“သတင်းထောက်တွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်ဆိုတာဟာလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတာနဲ့ အတူတူပဲဖြစ်တယ်။ ဒီတော့ သူတို့က မီဒီယာလွတ်လပ်ခွင့်ဆိုတာ ဘာလဲ၊ မီဒီယာသမားတွေ ဘာတွေဖြစ်နေလဲ၊ ဘယ်လိုအခွင့်အရေးတွေကို ချိုးဖောက်ခံနေရတာလဲ၊ မီဒီယာသမားတွေ စိုးရိမ်နေတာတွေက ဘာတွေလဲဆိုတာကို သူတို့သိနိုင်ဖို့ ပေးပို့သွားမှာပါ” ဟု အဆိုပါအဖွဲ့မှ စီမံကိန်းမန်နေဂျာ မယဉ်ရတနာသိန်းက ပြောသည်။

စစ်တမ်းတွင် အစိုးရ၊ တပ်မတော်၊ တရားရုံး၊ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ သတင်းမီဒီယာများသို့ တိုက်တွန်းချက်များပါဝင်ပြီး နိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့် လျော့ကျလာကြောင်း၊ အစိုးရသည် မီဒီယာလွတ်လပ်ခွင့်ကို အဓိကခြိမ်းခြောက်သူ ဖြစ်ကြောင်း၊ အစိုးရသည် မီဒီယာလွတ်လပ်ခွင့်ကို အကာအကွယ် မပေးနိုင်ကြောင်း၊ တရားရုံးများနှင့် တရားသူကြီးများကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်းစသည့် အချက်များကို ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အစိုးရကမူ စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီဖြစ်ထွန်းမှုနှင့် သက်ဆိုင်သည်ဟု ဆိုသည်။

မီဒီယာလုပ်ငန်း ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ သတင်းရယူခွင့် တိုးတက်စေရန်အတွက် ဆောင်ရွက်ပေးနေကြောင်းနှင့် လွတ်လပ်ခွင့်များသည် ဒီမိုကရေစီပြည့်ဝခြင်း၊ မပြည့်ဝခြင်းတို့အပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်လေ့ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် ပြောကြားခဲ့သည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်သည့် မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းတွင် မြန်မာနိုင်ငံကို အဆင့် ၁၃၇ ဟုဖော်ပြထားရာ ယခင်နှစ်ကထက် အဆင့် ခြောက်ဆင့် ကျဆင်းသွားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button