အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

FDA ညွှန်ချုပ်ဟောင်းကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် စွဲချက်တင်ရန် မန္တလေးတိုင်းဒေသကြီးတရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်။

အငြိမ်းစား ဗိုလ်မှူးလည်းဖြစ်သည့် ဒေါက်တာသန်းထွဋ်သည် သူ၏လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုနေကြောင်း တိုင်ကြားခံခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ် ဧပြီလကတည်းက ဖမ်းဆီးခံထားရသည်။

ညွှန်ချုပ်ဟောင်းသည် ၂၀၁၇ ခုနှစ်အတွင်း ၎င်းပိုင်ဆိုင်သည့် မြေကွက်များပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်းအပါအဝင် ကျပ်သိန်း ၁၅၀၀ ကျော်ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချပြီးနောက် သတင်းထောက်များက သူ့အား မှတ်ချက်တောင်းခဲ့ကြသော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက Myanmar Now က မေးမြန်းခဲ့ရာတွင် စွပ်စွဲချက်များကို ငြင်းဆန်ပြီး ဥပဒေအတိုင်း ဖြေရှင်းနေသည်ဟု တုံ့ပြန်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မတ်လ ရက်တွင် နောက်တစ်ကြိမ် စစ်ဆေးကြားနာရန် ရုံးတော်က ထပ်မံချိန်းဆိုခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles