
ရန်ကုန်မြို.၊ တာမွေမြို.နယ်တွင် လူအင်အားရာချီ၍ စစ်ဖြစ်ပွားနေမှုများ ရပ်တန့်ရန် ယနေ့ညနေ ၅ နာရီမှစ၍ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ပြသမှုကို ရဲတပ်ဖွဲ.က ခွင့်မပြုဘဲ ဦးဆောင်ဆန္ဒပြသူများကို ဖမ်းဆီးခဲ့သည်။
ဆန္ဒဖော်ထုတ်သူ ၂၀၀ ဝန်းကျင်ခန့်ရှိသည့်အဖွဲ့က ယနေ့ညနေ ၄ နာရီတွင် တာမွေမြို.နယ် Ocean Center ရှေ့မှစ၍ ဆူးလေဘုရားထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်သည့်အဖွဲ့များ မရောက်မီကပင် ရဲကားများစွာနှင့် ရဲအင်အား ၅၀၀ ခန့်က ကြိုတင်ရောက်ရှိနေခဲ့သည်။ စတင်ဆန္ဒဖော်ထုတ်သည်နှင့် ရဲတပ်ဖွဲ့က တားဆီးပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး ဦးဆောင်ဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူအနည်းဆုံး ၁၀ ဦးခန့်ရှိပြီး ၎င်းတို့အနက် အဓမ္မတိုက်ဖျက်ရေးအဖွဲ.ခေါင်းဆောင် ကိုမြတ်ကျော်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များဖြစ်သော ကိုဇေယျာလွင်၊ ကိုတင်ထွဋ်ပိုင်နှင့် ကိုဖိုးစိုးတို့ပါဝင်သည်။
ကိုဇေယျာလွင်အား ရဲတပ်ဖွဲ.များက နံပါတ်တုတ်ဖြင့် ကျောကိုရိုက်နှက်နေသည်ကို အခင်းဖြစ်ရာတွင်ရောက်ရှိနေခဲ့သည် Myanmar Now သတင်းထောက်တစ်ဦးက မြင်တွေ.ခဲ့သည်။
ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် ညနေ ၆ နာရီခန့်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူတို့အကြား ညှိနှိုင်းပြီး ဆန္ဒပြသူများ လူစုခွဲသွားသလို ရဲတပ်ဖွဲ့ဝင်များလည်း ဆုတ်ခွာသွားသည်ဟုသိရသည်။