အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စီမံကိန်းများ အောင်မြင်အောင် မဆောင်ရွက်နိုင်သဖြင့်ဟုဆိုကာ ပြည်နယ်ဝန်ကြီး ရာထူးမှ နုတ်ထွက်

(ရန်ကုန်) ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်သည် ၎င်း တာဝန်ယူထားသည့် ပြည်နယ်စီမံကိန်းများကို အောင်မြင်အောင် မဆောင်ရွက်နိုင်သဖြင့် ပြည်သူများ အခက်အခဲကြုံရသည့်အတွက် တာဝန်ရှိသည်ဟု ဆိုကာ ရာထူးမှ နုတ်ထွက်သွားသည်။

“ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေး တည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ သတ်မှတ်အချိန်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် သက်ဆိုင်ရာ ပြည်သူလူထုတွေမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာကြောင့် မိမိကွပ်ကဲမှုအောက်ရှိ လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှု ပြုတဲ့အနေနဲ့ မိမိသဘောဆန္ဒအလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့သည်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ရေးသားထားသည်။

ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်အား နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်၏ ခွင့်ပြုချက် ထုတ်ပြန်ကြေညာချက်တစ်ခု ပါရှိသည်ကို တွေ့ရသည်။

“မိမိအနေနဲ့ တာဝန်ထမ်းဆောင်စဉ် (၂)နှစ်တာကာလအတွင်း ပြည်နယ်အကျိုးအတွက် ကိုယ်ကျိုးမဖက် ရိုးသားမှန်ကန် သန့်ရှင်းဖြောင့်မတ်စွာ ကြိုးစားထမ်းရွက်ခဲ့ပါတယ်။ အကြောင်း အမျိုးမျိုးကို အခြေခံပြီး မိမိကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရတာမျိုး ရှိခဲ့မယ်ဆိုရင်လည်း မိမိရဲ့ အားနည်းချက်တွေပဲဖြစ်လို့ နားလည်ခွင့်လွှတ်ပေးကြဖို့ ပန်ကြားလိုပါတယ်” ဟုလည်း ဝန်ကြီးက ဆက်လက်ရေးသားထားသည်။

ဝန်ကြီးနုတ်ထွက်ခြင်းအပေါ် ပြည်သူအများအပြားက လူတော်တစ်ယောက် နုတ်ထွက်သွားသဖြင့် စိတ်မကောင်းကြောင်း လူမှုကွန်ရက်တွင် ရေးသားကြပြီး ဝန်ကြီး၏တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် စံပြဆောင်ရွက်ပြခြင်းကြောင့် ချီးကျူးကြသည်ကိုလည်း တွေ့ရသည်။

ဆလိုင်းအိုက်ဇက်ခင်သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရွေးကောက်ပွဲဖြင့် တက်လာသည့် အစိုးရနှစ်ဆက်အတွင်း မိမိ၏စွမ်းဆောင်ရည်အတွက် မိမိဘာသာ တာဝန်ယူသည်ဟုဆိုကာ ရာထူးမှ နုတ်ထွက်သည့် ပထမဆုံး နိုင်ငံရေးရာထူး ရယူထားသူ ဖြစ်လာခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button