အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပလက်ဝတွင် ချင်းစည်ပင်ဝန်ကြီးဦးစိုးထက် လိုက်ပါလာသည့်စက်လှေ ပစ်ခတ်ခံရ

ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက် လိုက်ပါလာသည့် စက်လှေကို ယနေ့မွန်းလွဲ ၁ နာရီခန့်က ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်းအတွင်း ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့သည်ဟု ဦးစိုးထက်က ပြောသည်။

ဝန်ကြီးသည် နယ်မြေဖွံ့ဖြိုးရေးခရီးစဉ်တစ်ခုအတွက် စက်တင်ဘာ ၅ ကတည်းက ပလက်ဝမြို့သို့ ရောက်ရှိနေခဲ့ပြီး ပလက်ဝမြို့မှပြန်ရန် စက်လှေဖြင့်ထွက်ခွာစဉ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပစ်ခတ်ခံရသည့် စက်လှေပေါ်တွင် ဦးစိုးထက်နှင့်အတူ ညွှန်ကြားရေးမှူးရာထူးရှိ အစိုးရဝန်ထမ်း ၃ ဦးခန့် ပါဝင်ပြီး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိဟု ဦးစိုးထက်က ပြောသည်။

“မငြိမ်းချမ်းတဲ့ဒေသဆိုတော့ ဒီလိုတော့ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ ဒါပေမယ့် အခု ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတွေ အပြန်ခရီးမှာ အဲဒီလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တယ်ဆိုတော့ …” ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။    

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းတို့ကို AA က စတင်ပစ်ခတ်ခဲ့ပြီးနောက် အနီးအနားတွင်ရှိသည့် တပ်မတော်စခန်းတစ်ခုက AA အဖွဲ့ရှိသည့်နေရာကို ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် နာရီဝက်ခန့်ကြာအောင် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့်အတွက် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။ 

၂၀၁၉ နိုဝင်ဘာတွင်လည်း အိန္ဒိယနိုင်ငံသား ၅ ဦးနှင့်အတူ ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံသားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းကို နှစ်လကျော်အကြာ ယခုနှစ် ဇန်နဝါရီလတွင်မှ ပြန်လွှတ်ပေးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button