အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်၌ ၂၂ လအတွင်း ရာဇဝတ်မှုကြီးပေါင်း ၈၅၆ မှု ဖြစ်ပွား၊ မုဒိမ်းမှုက ၄၆ဝ ဖြင့် အများဆုံးဖြစ်

(ရန်ကုန်) — ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၁၆ ခုနှစ် ဧပြီလမှ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလအထိ ကာလအတွင်း ရာဇဝတ်မှုကြီးပေါင်း ၈၅၆ မှု ဖြစ်ပွားခဲ့ပြီး မုဒိမ်းမှုသည် အမှုပေါင်း ၄၆ဝ ဖြင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။

“မုဒိမ်းမှုအနေနဲ့ အမှုပေါင်း ၄၆ဝ ဖြစ်ပွားခဲ့ပြီးတော့ တရားစွဲတင်တာ ၄၅၆ မှု၊ ပိတ်သိမ်း နှစ်မှုနဲ့ လက်ကျန် နှစ်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့ (ဖော်ထုတ်ဖမ်းဆီးနိုင်တာ) ၉၉ ရာခိုင်နှုန်း ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

မေ ၂၂ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကြီး ၈၅၆မှုတွင် မုဒိမ်းမှု ၄၆ဝ၊ လူသတ်မှု ၃ဝဝ၊ ဓားပြမှုတစ်မှု၊ လုယက်မှု ၈၄ မှု၊ ဖောက်ထွင်းမှု သုံးမှု၊ ပြန်ပေးတစ်မှု၊ တိရစ္ဆာန်ခိုးမှုငါးမှု၊ မတရားအသင်း ဖြစ်ပွားတိုင်တန်းမှု နှစ်မှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ရာဇဝတ်မှုကြီး ၁ဝ မျိုးတွင် အပါအဝင်ဖြစ်သော နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနှင့် လက်နက်မှုတို့ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဖြေကြားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဖော်ထုတ်ဖို့ကျန်ရှိတဲ့အမှုတွေနဲ့ ပတ်သက်လို့ ဖော်ထုတ် ဖမ်းဆီးရနိုင်ရေးကို အပတ်စဉ် လစဉ် သုံးသပ်အစည်းအဝေးတွေ ပြုလုပ်ပြီးတော့ အရေးတယူဆောင်ရွက်လျက်ရှိပါတယ်” ဟု နယ်/လုံ ဝန်ကြီးက ဆိုသည်။

ထို့အပြင် ယင်းကာလအတွင်း ရာဇဝတ်မှု ၈၅,၆၈၅ မှုကို မဖြစ်ပွားမီ ကြိုတင်ကာကွယ် စစ်ဆေးဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

၂ဝ၁၆ ခုနှစ် ဇွန်လ ၁၄ ရက်မှစ၍ ရပ်ရွာအခြေပြုရဲလုပ်ငန်းစနစ်ကို ရဲတပ်ဖွဲ့နှင့်အတူ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာနေပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားသော အမှုများနှင့် ပတ်သက်ဆက်နွှယ်သည့် သတင်းများရရှိရန် ထောက်လှမ်းခြင်း၊ ပြစ်မှုကျူးလွန်သူများ ဖော်ထုတ်နိုင်ရေးအတွက် ပြစ်ချက်ဟောင်းရှိ တရားခံများအား ဥပဒေနှင့်အညီ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ဝန်ကြီးက ဖြေကြားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button