အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

ဧရာမစိုက်ခင်းကြီးတွင် ဆေးခြောက်ပင် သုံးသိန်းခွဲရှိနေသည် – မူးယစ်ဗဟို

မြို့သာစက်မှုဥယျာဉ်စီမံကိန်းရှိ သံသယဖြစ်ဖွယ် စိုက်ခင်းကြီးတစ်ခုတွင် တွေ့ရသည့် အပင်များမှာ ဆေးခြောက်ပင်ဖြစ်နိုင်သောကြောင့် စိုက်ခင်းတာဝန်ရှိသူများကို  ထိန်းသိမ်းလိုက်ကြောင်း မူးယစ်ဗဟို ခေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ငါန်းဇွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကလည်း ထိုစိုက်ခင်းသတင်း အွန်လိုင်းတွင် ပေါ်ပေါက်လာပြီးနောက် ဌာနဆိုင်ရာတို့ သွားရောက် စစ်ဆေးပြီး ပစ္စည်းနမူနာများကို ဓာတ်ခွဲစမ်းသပ်အဖြေရှာပြီးနောက် ရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံ မူးယစ်တပ်ဖွဲ့ကနေ တရားလိုလုပ်ပြီး တိုင်တန်းတယ်၊ ငါန်းဇွန်မြို့နယ်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိတယ်ဟု ၎င်းက ဆက်ပြောသည်။

မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်းရှိ အဆိုပါစိုက်ခင်းမှာ မူးယစ်ဆေး အတွက် သုံးစွဲသည့်ဆေးခြောက် မဟုတ်ဘဲ ဆေးဘက်ဝင် လျှော်ထုတ်မည့် စမ်းသပ် စိုက်ခင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဧပြီ ၂၂ရက်နေ့  7Day ရုပ်သံသတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ထိုသို့ပြောကြားပြီး ၂ရက်အကြာတွင် ဓာတ်ခွဲခန်း အဖြေ တွေ့ရှိချက်အရ ဟု ဆိုကာ အရေးယူမှု ပေါ်ပေါက်လာသည်။

စိုက်ခင်းတာဝန်ခံ ကိုရှိုင်းလတ်၊ မရွှန်းလဲ့မြတ်နိုး၊ အမေရိကန်နိုင်ငံသားများ ဖြစ်သော John Fredric နှင့် Alexander Skemp Todoroki တို့ကို   မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)၊ ၂၀(က)၊ ၂၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း ငါန်းဇွန် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Alexander ဆိုသူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု ဆိုသည်။

မူးယစ်ဗဟိုအဖွဲ့ကလည်း ယနေ့ ညနေပိုင်းတွင် အလားတူ သတင်းထုတ်ပြန်ထားသည်။

စိုက်ခင်း ဧက ၂၀ တွင် ဆေးခြောက်ပင် ခန့်မှန်း အရေအတွက် သုံးသိန်းခွဲ၊   ပျိုးပင် ၅၂၀ဝ ခန့်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဆေးခြောက် မျိုးစေ့ ကီလို ၃၈၀၊    ဆေးခြောက် ၂၇၀.၅ ကီလိုနှင့် ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

ယမန်နေ့က ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တစ်ခုတွင်မူ သိန်းဂဏန်းရှိသော ဆေးခြောက်ပင်တို့၏ သက်တမ်းမှာ ၄ လ ရှိပြီဟု ခန့်မှန်းထားပြီး စိုက်ခင်းတာဝန်ရှိသူတို့ကို စစ်ဆေးနေသည်ဟု ဖော်ပြထားသည်။

နိုင်ငံတစ်လွှား အများစိတ်ဝင်စားနေကြသော ထိုစိုက်ခင်းတွင် လုံခြုံရေးရဲကင်းချထားသည်ကို တွေ့ရသည်။





နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button