အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တော် ရဲကင်း ပစ်ခတ်မှုအတွင်း တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့က တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုအတွင်း  တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

အမှုမှာ ကန်စောက်ရဲစခန်းတွင် ပေါ်ပေါက်ခဲ့သည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“အတည်ပြုလို့တော့ ရပါတယ်။ ဧပြီ ၂  ရက်နေ့ နေ့လယ်လောက်မှာ ဖြစ်တာပါ။ ကိုယ့်အချင်းချင်း ဖြစ်တာလို့ပဲ သိရပါတယ်” ဟု ၎င်းက ဆိုသည်။

ကန်စောက်စခန်းတွင် ပူးတွဲတာဝန်ယူနေသော စခန်းမှူး မောင်မောင်လေး သေဆုံးကြောင်း၊ ဒဏ်ရာ အပြင်းအထန် ရသွားသူ  တပ်ကြပ်ကြီး ထွန်းမင်းကို စစ်တွေ ဆေးရုံသို့ ပို့ထားကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပစ်ခတ်သည့် ဂတ်စာရေး ကျော်အေးစိန် ဆိုသူကို  ကျောက်တော်အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ကျောက်တော်မြို့နယ် ရဲစခန်းမှူးတို့ထံမှ မှတ်ချက် ရယူရန်အတွက် ၎င်းတို့နှင့် တယ်လီဖုန်း အဆက်အသွယ် မရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles