အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်တောတွင် နယ်ခြားစောင့်ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညိုရွာအနီးရှိ နယ်ခြားစောင့်ရဲကင်းစခန်းအတွင်း အချင်းများပြီး ပစ်ခတ်မှုတွင် ရဲ ၂ ဦး သေ၊ ၆ ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများထံမှ သိရသည်။ 

ဇန်နဝါရီ ၆၊ ည ၉ နာရီခန့်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထိုရဲများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။  

“အရာရှိတစ်ယောက်နဲ့ လက်အောက်ငယ်သား ရဲဘော်တစ်ယောက်နဲ့ စကားများကြတယ်လို့ ပြောတယ်။ အဲဒီမှာ ရဲဘော်က လက်ပစ်ဗုံးနဲ့ ပစ်လို့ အဲဒီမှာ ၂ ယောက် သေတယ်။ ၆ ယောက် ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့သူတွေကို အဲဒီနေ့ညတွင်းချင်း မောင်တောဘက်သို့ ကားနဲ့ ယူသွားတယ်” ဟု သူက ဆိုသည်။

သေဆုံးသူများမှာ နယ်ခြားစောင့်ရဲတပ်သား လင်းလင်းနှင့် သက်ပိုင်စိုးတို့ဖြစ်ကြောင်း၊ ဒဏ်ရာရသွားသည့် အရာရှိ ၁ ဦး အပါအဝင် ၆ ဦးတို့ အမည်နှင့် ရာထူးကို မသိရကြောင်း ထိုသူက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မောင်တောမြို့မှ ၄၅ မိုင်ခန့်ဝေးသည့်၊ စစ်ကောင်စီတပ်၏ အထိုင်ချ တပ်စခန်းများရှိသည့် ထိုနေရာအနီးမှ ကပ်လျက်ရွာဖြစ်သော အောင်သပြေကျေးရွာမှ ရွာသားတစ်ဦးကလည်း ပစ်ခတ်မှုဖြစ်ပွားကြောင်း ပြောသည်။

“ဖြစ်တာက ဟုတ်တယ်။ ဒီမှာရှိတဲ့ ဌာနဆိုင်ရာတွေကလည်း ဟုတ်တယ်လို့ ပြောတယ်။ ဖြစ်စဉ်က ဘယ်လိုဖြစ်တယ်ဆိုတာကို အသေးစိတ်မသိရတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒုံးညိုရွာဘက်မှာ ဖုန်းလိုင်းက သိပ်မမိဘူး။ ဆက်သွယ်ပြီး မေးကြည့်ဖို့ကလည်း အဆင်မပြေဘူးလေ” ဟု ထိုသူက ဆိုသည်။ 

ဒုံးညိုကျေးရွာသည် မြိုတိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး အောင်သပြေကျေးရွာ အရှေ့ဘက် ၈ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ”ကျွန်တော် မသိသေးဘူး” ဟု ဆိုသည်။

ဇန်နဝါရီ ၆ ရက်ညက ဒုံးညိုကျေးရွာ နယ်ခြားစောင့်ရဲကင်းစခန်းမှ ရဲဝန်ထမ်းအလောင်းနှစ်‌လောင်းနှင့် ဒဏ်ရာရသူတချို့ ရောက်ရှိလာကြောင်း အမည်မဖော်လိုသည့် မောင်တောပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“အဲဒီညက နယ်ခြားစောင့်ရဲတွေ ဒဏ်ရာနဲ့ မောင်တောဆေးရုံကို ရောက်လာကြတာ မှန်ပါတယ်။ ဘယ်နှစ်ယောက် ပါတယ်ဆိုတာကိုတော့ သေချာမကြည့်လိုက်ဘူး။ အလောင်းလည်း နှစ်လောင်းပါတယ်။ ပြီးတော့ ဒဏ်ရာရလူနာတွေကို ဘူးသီးတောင်ကို ချက်ချင်းယူသွားတယ်” ဟု ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှု မရှိသေးပေ။

၂၀၂၁ အောက်တိုဘာ ၁၉ တွင်လည်း ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်း နယ်ခြားစောင့်ရဲစခန်းအတွင်း အချင်းချင်းပစ်ခတ်မှုဖြစ်၍ တပ်သားတစ်ဦး သေဆုံးခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button