အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆားလင်းကြီးတွင် စစ်ကြောင်းဝင်၊ ဒေသခံများ ဘေးလွတ်ရာ ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီက အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၈ ရွာထက်မနည်းမှ ဒေသခံထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

ယမန်နေ့ (ဇန်နဝါရီ ၅) ညနေပိုင်းတွင် မြို့မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ ဘင်ဂါးရွာကို စစ်ကောင်စီတပ် ရုတ်တရက်ရောက်လာစဉ် ထိုနေရာတွင် ခိုလှုံနေကြသော ရွာပေါင်းစုံမှ ဒေသခံ ၂၀၀ နီးပါး ပိတ်မိခဲ့ပြီး နောက်တစ်ရက်တွင် စစ်တပ်က ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Young People Force အဖွဲ့ထံမှ သိရသည်။ 

ထိုတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၆) နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဘင်းဂါးရွာမှ နေအိမ် ၁ လုံးကို မီးရှို့ခဲ့ပြီး၊ နေ့လယ် ၁ နာရီဝန်းကျင်မှစတင်ကာ ဖောင်းကတာရွာကို မီးရှို့နေကြောင်း၊ အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း One Star Task Force တော်လှန်ရေးအဖွဲ့တာဝန်ခံက ပြောသည်။ 

နေရပ်စွန့်ခွာ ပြေးနေရသူများမှာ ဆားလင်းကြီးမြောက်ပိုင်းကျေးရွာများဖြစ်သည့် ဗိုင်းတောင့်ကြီး၊ ကျောက်မှော်၊ ဥသျှစ်ပြာ၊ ဖောင်းကတာ၊ ထန်းပု၊ ထန်းဇင်၊ ဇီးတော၊ ဆည်တဲ စသည့်ကျေးရွာများမှ ဖြစ်ပြီး အရေအတွက်အားဖြင့် ထောင်ဂဏန်းရှိသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နာမည်ကြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတည်ရှိသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံများသည် ၎င်းတို့ဒေသအတွင်း ကိုယ်ကျိုးရှာသည့် စစ်တပ်ကို အစဉ်တစိုက် ဆန့်ကျင်လေ့ရှိသဖြင့် မကြာခဏ ဖိနှိပ်ခံရလေ့ရှိသည်။

၂၀၂၁ အာဏာမသိမ်းမီကပင် တရုတ်ကုမ္ပဏီနှင့် စပ်တပ်တို့ ပေါင်း၍ စီးပွားရှာနေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ကျေးရွာများ အတင်းအဓမ္မရွှေ့ပြောင်းခံရမှုကို ဒေသခံတို့က ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သဖြင့် စစ်တပ်ကို နိုင်ငံအနှံ့ ခုခံကြရာ ထိုအထဲတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။

စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းနယ်မြေတွင် ၂၀၁၃ မတ် ၁၃ ရက်နေ့က တွေ့ရသော ရဲများ (ဓာတ်ပုံ – EPA)

နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူ ၁.၅ သန်းရှိသည့်အနက် စစ်တပ်အာဏာသိမ်းပြီးနောက် မလုံခြုံမှုနှင့် လက်နက်ကိုင်ပဋိပက္ခကြောင့် ပြေးရသူ ၁.၁ သန်းကျော်ပါဝင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ဒီဇင်ဘာ ၃၀ရက်တွင် ထုတ်ပြန်ထားသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button