အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာတိုင်း(မ်)၏ ယခင် CEO ရော့စ်ဒန်ကလေကို မူးယစ်မှုဖြင့် ဖမ်းထားကြောင်း ရဲတပ်ဖွဲ့ပြော

မြန်မာတိုင်း(မ်)ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်ဟောင်း၊ စာတည်းမှူးချုပ်ဟောင်း ဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ (Ross Dunkley) ကို ယနေ့ မနက်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ၎င်းနေထိုင်ရာ ဗဟန်းမြို့နယ်၊ စမ်းရေတွင်းလမ်းနေအိမ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက Myanmar Now ကို အတည်ပြု ပြောကြားသည်။

ယနေ့တွင်ပင် ဗဟန်းတရားရုံး၌ ချုပ်ရက်ရမန်ယူပြီး ရဲတပ်ဖွဲ့၏ စစ်ဆေးဆဲကာလ ဖြစ်သောကြောင့် အသေးစိတ်ကိုတော့ မပြောနိုင်သေးကြောင်း၊ လတ်တလောတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)၊ ၂ဝ(က)၊ ၂၁(က) တို့ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ပြောသည်။

မစ္စတာ ရော့ဒန်ကလေ၏ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (WY) တို့အပြင် ရေခဲ(Ice) ဟု လူသိများသည့် ပုံဆောင်ခဲစိတ်ကြွမူးယစ်ဆေးဝါး (crystal methamphetamine) တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းသည် ၂ဝ၁၁ ခုနှစ်အတွင်းကလည်း အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် နာကျင်စေမှုဖြင့် အဖမ်းခံရကာ ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ရဖူးသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရော့စ် ဒန်ကလေသည် စစ်အစိုးရအုပ်ချုပ်စဉ်ကာလက တပ်မတော်ထောက်လှမ်းရေး အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် (ဟောင်း) သိန်းဆွေ၏သားဖြစ်သူ ကိုဆန်နီဆွေနှင့် ပူးပေါင်းကာ မြန်မာတိုင်း(မ်) အင်္ဂလိပ်နှင့် မြန်မာတိုင်း(မ်) မြန်မာ အပတ်စဉ်ထုတ် သတင်းစာနှစ်စောင်ကို ၂ဝဝဝ ပြည့်နှစ်ကာလများမှစ၍ ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ထုတ်ဝေခဲ့သည်။

၂ဝဝ၄ ခုနှစ်အတွင်း ကိုဆန်နီဆွေ သားအဖ တပ်မတော်ထောက်လှမ်းရေးအရာရှိများ ဖမ်းဆီးခံရသည့်နောက်တွင် ဒန်ကလေသည် ပြည်မြန်မာဂျာနယ်ထုတ်ဝေသည့် ဒေါက်တာတင်ထွန်းဦးနှင့် ဆက်လက် လက်တွဲလုပ်ကိုင်ခဲ့သည်။ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလတွင် မြန်မာတိုင်း(မ်) ဂျာနယ်၏ မိခင်ကုမ္ပဏီဖြစ်သည့် Myanmar Consolidated Media ကို ထွန်းကော်မာရှယ်ဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်းက အပြီးတိုင်ဝယ်ယူပြီးနောက်တွင် မီဒီယာလောကတွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပေ။

ပြင်ဆင်ချက် –

“ဗိုလ်ချုပ်ကြီး(ဟောင်း) မြင့်ဆွေ” ဟု ရေးသားထားခြင်းကို “ဗိုလ်မှူးချုပ် (ဟောင်း) သိန်းဆွေ” ဟု ပြန်လည် ပြင်ဆင်ထားပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button