အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခံရသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အာမခံရ

ရခိုင်ပြည်နယ်၏ ဆယ်တန်းအောင်ချက်ကို Facebook တွင် ဝေဖန်ရေးသားသောကြောင့် ပြည်နယ်ပညာရေးဌာနက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တိုင်ကြားခံထားရသည့် ရမ်းဗြဲအမတ်ကို စစ်တွေရဲစခန်းက စစ်ချက်ယူပြီး ဇွန်လ(၈)ရက်တွင် အာမခံဖြင့် ပြန်လွှတ်လိုက်သည်။

ရမ်းဗြဲအမတ်သည် သူ၏လူမှုကွန်ရက် Facebookတွင် ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာခိုင်နှုန်းကို မှားယွင်းစွာ ရေးသားခဲ့သောကြောင့် ပြည်နယ်ပညာရေးဌာနမှ ဒုတိယပညာရေးမှူး ဦးစိန်လှထွန်းက ဇွန်လ ၃ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“ငါက ထွက်လို့မပြေးဘူး။ လာဖမ်းစရာလည်းမလိုလေ။ သူတို့ဖမ်းချင်ရင် ဖမ်းဆိုပြီး အဖမ်းခံတာ” ဟု ဦးသန်းမောင်ဦးက ရဲစခန်းသို့မသွားရောက်မီ မိနစ်ပိုင်းအလိုတွင် Myanmar Now ကို ပြောသည်။

အမှုကို လက်ခံစစ်ဆေးနေသည့် ရခိုင်ပြည်နယ် စစ်တွေရဲစခန်းသို့ ဇွန်လ ၈ ရက်တွင် သွားရောက် အဖမ်းခံခဲ့သည့် ဦးသန်းမောင်ဦးကို ကျပ်သိန်း ၁၀၀ ဖြင့် အာမခံပေးလိုက်ကြောင်း အတူလိုက်ပါသွားသူများက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးသန်းမောင်ဦးအတွက် ရခိုင်ပြည်နယ်လွှတ်တော် ပြည်နယ်အမတ်များဖြစ်သည့် ဦးအေးသိန်းနှင့် ဦးအောင်သန်းတင်တို့က အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းသို့ အတူလိုက်ပါသွားသည့် မြေပုံလွှတ်တော်အမတ် ဦးအောင်ဝင်းက ပြောသည်။

ဦးသန်းမောင်ဦးသည် ဇွန်လ ၂ရက်နေ့က ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရခိုင်ပြည်နယ်၏ ၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာနှုန်းကို ၁၆ ဒသမ ၃၆ ရာခိုင်နှုန်းဟု မှားယွင်းရေးသားခဲ့သည်။

နောက်ပိုင်းတွင် သူသည် အောင်ချက်ရာခိုင်နှုန်းကို “၂၁ ဒသမ ၄၅ ရာခိုင်နှုန်း “ဟု ပြန်လည်ပြင်ဆင်ခဲ့သည်။

ယင်းအပြင် “တိုင်းနှင့်ပြည်နယ်ထဲမှာ ရခိုင်ပြည်နယ်သည် ပညာရေးအနိမ့်ဆုံး၊ စီးပွားရေးအနိမ့်ဆုံး၊ ကျန်းမာရေး အနိမ့်ဆုံး” “ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ပြည်သူများ မကြိုက်ဆုံး” ဟုလည်း ရေးသားခဲ့သည်။

“ကျနော့် အမြင်အရဆိုရင်တော့ သာမန်အရပ်သားတွေဆိုရင် ဒီထက် ဆိုးဆိုးဝါးဝါးတွေကို တင်နေတယ်။ သူတို့အပေါ်မှာတော့ ဘာမှအရေးယူခြင်း မရှိဘူး။ အခု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တင်တဲ့ Post မှာတော့ ပညာရေးဌာနကို ထိခိုက်စေတဲ့ စာသားတွေမပါဘူးလို့ မြင်တယ် “ဟု ပြည်နယ် လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

ဦးသန်းမောင်ဦးအတွက် ပြည်နယ်လွှတ်တော်က ရှေ့နေငှားရမ်းခြင်းနှင့် ဥပဒေကြောင်းအရ အကူအညီများ ပေးမည်ဖြစ်သော်လည်း တရားရုံး၏ဆုံးဖြတ်ချက်များကို ဝင်ရောက် စွက်ဖက်မည်မဟုတ်ဟု ဦးမြသန်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button