အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရားစွဲခံထားရသည့် မောင်သွေးချွန်ကို ရုံးထုတ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားရေးစာရေးဆရာ မောင်သွေးချွန် ခေါ် ဦးမြင့်စိုးကို ဇွန်လ ၂၅ ရက် (ယနေ့)တွင် မင်းကင်းမြို့နယ်တရားရုံး၌ ပထဦးဆုံးအကြိမ်အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ပြီး ဇူလိုင် ၃ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်သည်ဟု မြို့နယ်စခန်းမှူးက ပြောသည်။

“ဒီကနေ့ သူကိုယ်တိုင် လာအဖမ်းခံတယ်။ ပြီးတော့ ရုံးထုတ်တယ်။ အခုတော့ တရားရုံးအမိန့်နဲ့ စခန်းအချုပ်မှာ ထားထားပါတယ်” ဟု မင်းကင်းမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး ကိုဌေးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က မင်းကင်းမြို့နယ်တွင် ကျင်းပခဲ့သော ဟောပြောပွဲတစ်ခုတွင် မောင်သွေးချွန်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှစ်ရပ်လုံး၏ ဥက္ကဋ္ဌနှစ်ဦးလုံး သည် ခရစ်ယာန်များဖြစ်လာကြောင်း၊ ဗုဒ္ဓဘာသာသည် မှေးမှိန်နေရကြောင်း သဘောသက်ရောက်သည့် စကားများ ဟောပြောခဲ့ခြင်းနှင့် ပတ်သက်ပြီး မင်းကင်းမြို့နယ် ဒုတိယအုပ်ချုပ် ရေးမှူး ဦးနိုင်နိုင်ဇော်က တရားလိုလုပ်၍ တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အင်တာနက်တွင် ပျံ့နှံ့ခဲ့သော ရုပ်သံဖိုင်တွင် မောင်သွေးချွန်က “လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်လုံးဟာ ခရစ်ယာန်တွေ ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာတွေ အနားကပ်လို့ မရတော့ဘူး။ ကျွန်တော်တို့တောင်းဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေတွေ လွှတ်တော်ထဲမှာ မကြာခင် ဖျက်သိမ်းကောင်း ဖျက်သိမ်းခံရတော့မယ်။ …ဒုသမ္မတ တစ်ယောက်ကလည်း ခရစ်ယာန်၊ ခရစ်ယာန်တွေ ဘေးနားမှာလည်း မွတ်စလင်ကုလားတွေ ဝိုင်းထားတယ်။ ခရစ်ယာန်နဲ့ မွတ်စလင်တွေ ပေါင်းပြီး ဗုဒ္ဓဘာသာကို အမြစ်ပြတ်အောင် လုပ်တော့မယ်” ဟု ဟောပြောခဲ့သည်ကို တွေ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု လူသိများသော ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အရ အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

၎င်းကိုတရားစွဲဆိုထားခြင်းနှင့် ပတ်သက်ပြီး ပြန်လည် သုံးသပ်ရန် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)က မေလ ၂၇ ရက်တွင် အစိုးရကို တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်သည်။

မောင်သွေးချွန်သည် နိုင်ငံတော်အစိုးရက တရားမဝင်အသင်းအဖြစ် ကြေညာပြီး ဖျက်သိမ်းလိုက်သော အမျိုးဘာသာသာသနာစောင့်ရှောက်ရေး(မဘသ) အဖွဲ့တွင် ဦးဆောင်ကဏ္ဍမှ ပါဝင်ခဲ့ပြီး၊ မဘသက ထုတ်ဝေသော မဂ္ဂဇင်းဂျာနယ်များတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။

မဘသ ဖျက်သိမ်းပြီးနောက်တွင် ၎င်းကိုယ်တိုင် ပါတီဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းတည်ထောင်သည့် မျိုးချစ်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရာ ရွေးကောက်ပွဲကော်မရှင်က လက်မခံဘဲ ပယ်ချခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles