အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့ မိုင်းဆွဲတိုက်ခိုက်မှုများတွင် နှစ်ဖက်အကျအဆုံးရှိ

စစ်ရေးငြိမ်သက်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယမန်နေ့ (အောက်တိုဘာ ၃၁) ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဖက် အထိအခိုက်ရှိကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ကလေးမြို့တောင်ဘက် နည်းပညာကောလိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့  နံနက် ၁၀ နာရီဝန်းကျင်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

“မိုင်းထောင်ထားတဲ့သတင်းရလာလို့ သူတို့ကလည်း (မိုင်းရှင်းဖို့) ထွက်လာတာ။ လာရှင်းတဲ့အချိန်ကို ကျွန်တော်တို့ဘက်က မိုင်းအဖွဲ့က အချိန်ကိုက် အမိအရ ဖောက်ခွဲလိုက်နိုင်တာ။ တစ်ယောက်ကတော့ အပိုင်းပိုင်းပြတ်သွားတယ်။ ခန္ဓာကိုယ် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတယ်” ဟု ကလေးမြို့နယ် PDF တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုနေ့သစ်က ပြောသည်။

ထို့နောက် ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ကြပြီးနောက် အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အလောင်းနှင့် လူနာ လာကောက်မည့် စစ်ကြောင်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး မိုင်းမတော်တဆမှုကြောင့် သေဆုံးသွားသည်။ 

နံနက် ၁၁ နာရီခန့်တွင် ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ ချင်းဆိုင်နှင့် ဇင်ကလဲရွာကြားတွင် မတော်တဆပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု မြေအောက်တော်လှန်ရေးလှုပ်ရှားသည့် Ninja အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“သတင်းကြားလို့ မိုင်းသွားထောင်ရင်းနဲ့ ဖြစ်သွားတာ။ ဖုန်းမိုင်းဆိုတော့ ရှော့ခ်ဝင်ပြီး ကွဲသွားတာ။ တွဲတွဲချင်းကို ကွဲသွားတာ။ ကျန်တဲ့သူတွေတော့ အထိခိုက်မရှိဘူး” ဟု ဆိုသည်။ 

ထို့နောက် တစ်နာရီခန့်အကြာ မြို့မြောက်ပိုင်းတွင် စစ်တပ်ကားကိုလည်း မိုင်းဆွဲတိုက်ခိုက်သည်ဟု ကလေးမြို့နယ် PDF က ထုတ်ပြန်သည်။

မြို့မြောက်ပိုင်း ဖောင်ကူးတံတားဘက်သို့ ထွက်လာသည့် စစ်ကောင်စီ ယာဉ် ၂ စီးကို  မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်သည်၊ ကား ၁ စီး ရပ်တန့်သွားပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း PDF (ကလေး) မိုင်းအဖွဲ့က ထုတ်ပြန်သည်။ 

စက်တင်ဘာလဆန်းပိုင်းမှစတင်၍ စစ်ရေးငြိမ်သက်နေသည့် ကလေးမြို့နယ်တွင် စစ်ကောင်စီက ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းရာ မြို့နယ်တောင်ပိုင်းကို ပြီးခဲ့သည့်ရက်ပိုင်းမှစတင်၍ လေကြောင်းမှ ထောက်လှမ်းခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

“စခန်းဘက်တွေကို ရဟတ်ယာဉ်နဲ့ သုံးကြိမ် တောက်လျှောက်ဝဲတယ်။ ကင်းထောက်သွားတယ်။ ကျွန်တော်တို့ သတင်းတွေလည်း ရထားတယ်။ လေကြောင်းနဲ့ တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် ပြည်သူတွေကိုလည်း သတိဝီရိယနဲ့ နေဖို့ သတိပေးထားတယ်” ဟု ကလေးမြို့နယ် PDF မှ ကိုနေ့သစ်က ပြောသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်သားများ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်များက ကလေး – ဂန့်ဂေါ လမ်းမကြီးပေါ်ရှိ ကြံသာရွာ၊ ရန်ကြီးအောင်ရွာနှင့် နည်းပညာတက္ကသိုလ်တို့တွင် စခန်းချတပ်စွဲထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles