အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ထိုင်းဂူထဲမှာ ပိတ်မိနေသူတွေကို အသက်ရှင်လျက်တွေ့၊ ကယ်ထုတ်ဖို့ ကြိုးပမ်းနေ

ထိုင်းနိုင်ငံက ဂူကြီးတစ်ခုထဲမှာ ဇွန်လ ၂၃ ရက်နေ့ထဲက ပိတ်မိနေခဲ့တဲ့ ကျောင်းသားတွေနဲ့ သူတို့ရဲ.ဘောလုံးနည်းပြကို အသက်ရှင်လျက်တွေ.ရှိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက မီဒီယာတွေမှာ အကျယ်တဝင့်သတင်းများ ဖော်ပြနေပြီဖြစ်ပါတယ်။

အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြားကျောင်းသားတွေ နဲ. သူတို့ရဲ. ဘောလုံးနည်းပြကို ထိုင်းနိုင်ငံချင်းရိုင်ပြည်နယ်က ဂူကြီးတစ်ခုထဲမှာ တွေ.ရှိပြီဖြစ်ကြောင်း၊ ဒီလူတွေကို ဂူထဲက ကယ်ထုတ်သွားဖို့ လုပ်ဆောင်ရဦးမှာဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Narongsak Osottanakorn က သတင်းမီဒီယာတွေကို ပြောဆိုပါတယ်။

“ပိတ်မိနေသူ ၁၃ ယောက်လုံး ဘေးအန္တရာယ်ကင်းပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကတော့ မပြီးသေးပါဘူး။ ကျနော်တို့လုပ်တာက ရှာမယ်၊ ကယ်မယ်၊ ပြီးရင် သူတို့ကို နေရပ်ကို ပြန်ပို့မယ်။ ခုအချိန်ထိတော့ ရှာတွေ.တာပဲ ရှိပါသေးတယ်။ နောက်တဆင့်က သူတို့ကို ဂူထဲကနေ ထုတ်ပြီး အိမ်အရောက် ပြန်ပို့ပေးဖို့ပါပဲ” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းမီဒီယာ များကို ပြောဆိုပါတယ်။

ပိတ်မိနေသူတွေကို ထိုင်းနိုင်ငံအထူးရေတပ်ဖွဲ.က ရှာဖွေတွေ.ရှိခဲ့တာ ဖြစ်ပါတယ်။ ဂူထဲကရေတွေကို ဆက်လက်ဖောက်ချပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ သိရှိရပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button