အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်စာ ဖြန့်သူများ အာမခံ ရရှိ

(ရန်ကုန်) –  ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည့် ပြည်နယ်အစိုးရ၏ အစီအစဉ်ကို ကန့်ကွက်သည့် စာရွက်စာတမ်း ဖြန့်ဝေမှုကြောင့် နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် တရားစွဲဆိုခံရသည့် တက်ကြွလှုပ်ရှားသူ ၇ ဦး ကို ယနေ့ (ဇူလိုင် ၅) ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံးက အာမခံပေးလိုက်သည်။

ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့မှ ကိုဒီးဒီ အပါအဝင် ၇ ဦးသည် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည့် အစီအစဉ်ကို ကန့်ကွက်သည့်အနေဖြင့် ကရင်နီပြည်၏ သမိုင်းအချက်အလက် များပါသော စာများကို ဇွန်လ ၂၆ ရက်နေ့က စပြီး ဖြန့်ဝေခဲ့သည့်အတွက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

၎င်းတို့သည် ယခင်က ကရင်နီဒေသဟုခေါ်သည့် ကယားပြည်နယ်သည် သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်သည့် ဒေသတစ်ခုဖြစ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ၎င်းတို့၏ လွတ်လပ်ရေးခေါင်းဆောင် မဟုတ်ကြောင်း သမိုင်းအချက်အလက်များကို ကိုးကားပြီး ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါစာရွက်စာတမ်းဖြန့်ချိမှုကြောင့် လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂နှစ်အထိ ကျခံရနိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေ မှု ပုဒ် မ၅၀၅ (ခ) နှင့် (ဂ)တို့ဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုင်ကြားသည့် အမှုအတွက် တရားစွဲ အဖွဲ့အစည်းက တင်ပြသည့် အချက်အလက်များ မပြည့်စုံသည့်အတွက် မြို့နယ်တရားသူကြီးက အာမခံပေးခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲခံထားရသည့် ကိုဒီးဒီက ပြောသည်။

“စွဲတဲ့ပုဒ်မကတော့ အာမခံပေးလို့မရတဲ့ ပုဒ်မတွေပါ။ ဒါပေမယ့် တရားလိုဘက်က တင်ပြတဲ့ အချက်အလက်တွေ မပြည့်စုံသေးတာကြောင့် ကျွန်တော်တို့ကို အာမခံပေးလိုက်တယ်။ လာမယ့် ဇူလိုင် ၁၂ ရက်နေ့ကို ရုံးချိန်း ပြန်ချိန်း လိုက်တယ်” ဟု ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုမှုကို ကန့်ကွက်ခဲ့သည့်အတွက် ထောင်ဒဏ် ၃၂နှစ် အပြစ်ပေးခံခဲ့ရဖူးသည့် အဆိုပါ နိုင်ငံရေး အကျဉ်းသားဟောင်းက ပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသောသူများမှာ ၎င်းအပြင် ကိုမျိုးလှိုင်ဝင်း၊ ကိုဖီးလစ်စိုးအောင်၊ ကိုဘွဲ့မှူး၊ ကိုဖရန့်စစ်၊ မရိုစီကျော်၊ မကာမေးလာတို့ ဖြစ်သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္ဒဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စိုက်ထူရန် ပြည်နယ်အစိုးရမှ ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး ဒေသခံအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ၁၀ ဖွဲ့ကျော်မှ ကန့်ကွက်ကြောင်း ဇွန် ၂၈  ပြည်နယ်အစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

ထို့အပြင် ဇူလိုင် ၃ ရက်နေ့ကလည်း လွိုင်ကော်မြို့အတွင်း ဒေသခံပြည်သူများ ၇၀ဝ ကျော် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းရာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထိုသို့ ဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက်ဖြိုခွဲမှုကြောင့် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ရက်၊ တိုင်းရင်းသားလူငယ်များအဖွဲ့အစည်း ၂၀ ကျော်က ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြသည်။

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းကိစ္စအတွက် နိုင်ငံတော်သမ္မတရုံးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က လမ်းညွှန်ထားခြင်းမရှိကြောင်း သမ္မတရုံးနှင့် ပါတီမှ ပြောရေးဆိုခွင့်ရှိသူများက ယမန်နေ့(ဇူလိုင် ၄ရက်) က နေပြည်တော်တွင် သတင်းထောက်များကို ထုတ်ဖော်ပြောဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles