အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့က မြန်မာကို အမည်ပျက်စာရင်းသွင်းနိုင် 

မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆက်နွှယ်သော ဘဏ္ဍာရေးလုပ်ငန်းများကို ပျက်ကွက်နေသည့်အတွက် FATF ခေါ် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ကြီးက အမည်ပျက်စာရင်းသွင်းနိုင်ခြေရှိနေသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အခြေစိုက် FATF အဖွဲ့က လာမည့်အောက်တိုဘာလတွင် ထိုသို့ဆုံးဖြတ်နိုင်ပြီး အမည်ပျက်စာရင်း အသွင်းခံရပါက စစ်အစိုးရအတွက် ကြီးစွာသော ထိုးနှက်ချက်ဖြစ်နိုင်ကြောင်း အစိုးရအရာရှိများကို ကိုးကား၍ Nikkei Asia မဂ္ဂဇင်းက ယနေ့ (စက်တင်ဘာ ၇) ရေးသားသည်။

လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့က အမည်ပျက်စာရင်းသွင်းထားသည်မှာ မြောက်ကိုရီးယားနှင့် အီရန်တို့ဖြစ်ပြီး ထိုနှစ်နိုင်ငံနည်းတူဖြစ်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံနှင့် ပတ်သက်၍ ရုန်းကန်နေရသည့် မြန်မာစစ်ဗိုလ်ချုပ်များကို ပို၍ထိခိုက်စေမည်ဖြစ်သည်။

“ကျေနပ်စရာ တိုးတက်မှုမရှိတဲ့အတွက် အောက်တိုဘာအစည်းအဝေးမှာ FATF ရဲ့ သုံးသပ်ရေးအဖွဲ့က အမည်ပျက်စာရင်းသွင်းရေးပဲ ထောက်ခံပေးမယ့်သဘောရှိတယ်” ဟု အာရှဒေသမှ သံတမန်တစ်ဦး က Nikkei Asia ကို ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လတ်တလော မြန်မာစစ်အစိုးရရဲ့ အာဆီယံအပေါ် သဘောထားအရ FATF အဖွဲ့ဝင်နိုင်ငံတွေက မြန်မာကို အမည်ပျက်စာရင်းသွင်းဖို့ ဆန္ဒပြုလာရင် လက်ရှိ ဥက္ကဋ္ဌဖြစ်တဲ့ စင်ကာပူကတော့ အဲဒီအတိုင်း ရပ်တည်လိမ့်မယ် မထင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။​

ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်အဖွဲ့က အမည်ပျက်စာရင်းသွင်းလိုက်မည်ဆိုပါက ပြင်းထန်သော ရိုက်ခတ်မှုဖြစ်နိုင်ပြီး ၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားကြသည်။

လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ထပ်မံကျဆင်းနိုင်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်လည်း ၂၀၁၁ နောက်ပိုင်း အနိမ့်ဆုံးအနေအထား ရောက်နေကြောင်း သတင်းတွင် ဖော်ပြသည်။​ 

ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လတွင် ပေးပို့ခဲ့သော တိုးတက်မှု အခြေအနေအစီရင်ခံစာကို FATF အဖွဲ့က ဩဂုတ်လတွင် စစ်ဆေးခဲ့ကြောင်း ရန်ကုန်ရှိ ဥရောပနိုင်ငံတစ်ခု၏ သံအမတ်က ပြောသည်။ 

“အမည်ပျက်စာရင်းသွင်းနိုင်ခြေ မြင့်မားနေတယ်။ တကယ်ဖြစ်လာနိုင်ခြေလည်းရှိတယ်။ ဒါက အရမ်း အရေးကြီးပါတယ်”

ဗဟိုဘဏ်တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်က အရာရှိများလောက်ပင် စွမ်းဆောင်နိုင်ခြင်း မရှိကြောင်းလည်း ထိုသံအမတ်က ဝေဖန်သည်။

၁၇ ဒသမ ၇ ရာခိုင်နှုန်းရှိသော ငွေကြေးဖောင်ပွမှုနှုန်းကြောင့် စစ်ကောင်စီအနေဖြင့် လျှပ်စစ်ကဏ္ဍတစ်ခုတည်း၌ပင် လစဉ် အမေရိကန်ဒေါ်လာ ၆၂ သန်းခန့် ဆုံးရှုံးနေကြောင်း အစိုးရကဏ္ဍအကြံပေး ပညာရှင်ဟောင်း Guillaume de Lange က ပြောသည်။

“စစ်အုပ်စုက ဒေဝါလီခံရအောင် တိတ်တိတ်လေးလုပ်နေတာပဲ။ မပေးနိုင်တဲ့ ချေးငွေတွေအတွက် အစိုးရဌာနတွေအချင်းချင်း တရားစွဲဖို့ ခြိမ်းခြောက်နေကြတယ်။ အခြေခံအဆောက်အအုံစီမံကိန်းတွေအတွက် ချေးထားတဲ့ ပြည်ပကြွေးမြီအကြီးကြီးတွေက စိုးရိမ်စရာဖြစ်နေတယ်” 

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့၏ အထူးစောင့်ကြည့်ရန် လိုအပ်သော နိုင်ငံများစာရင်းတွင် ၂၀၁၄ မှ ၂၀၁၆ အထိ ပါဝင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် တွင် အပြည့်အဝ ပူးပေါင်းပါဝင်မှု မရှိသော နိုင်ငံများစာရင်းသို့ ထည့်သွင်းခြင်းခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button