အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းတော်မှ ပျူစောထီး စစ်သင်တန်းမှူးဟုဆိုသူ အသတ်ခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့၏ သင်တန်းနည်းပြ စစ်မှုထမ်းဟောင်းကို ဩဂုတ် ၂၇ တွင် သတ်ဖြတ်လိုက်ကြောင်း အင်းတော်-PDF အဖွဲ့ထံမှ သိရသည်။

ထိုသူမှာ မြို့တောင်ဘက် ၆ မိုင်ခန့်အကွာတွင်ရှိသည့် မဲဇာရွာသား ၅၆ နှစ် အရွယ် ဦးမောင်နိုင်ဖြစ်ပြီး ယခင်လများက ကျေးရွာအချို့တွင် ပြုလုပ်သည့် ပျူစောထီးသင်တန်းများတွင် ၎င်းက သင်တန်းမှူးတာဝန်ယူခဲ့သည်ဟု ဆိုသည်။ 

ဩဂုတ် ၂၇ တွင် ဗန်းမောက်မြို့နယ်မှ အင်းတော်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်သားများကို  ဦးမောင်နိုင် သွားရောက် တွေ့ဆုံခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စစ်ကြောင်းကို သွားတွေ့ပြီး အပြန်မှာ ကျွန်တော်တို့ ရှင်းလင်းရေးအဖွဲ့က လမ်းမှာ ဝင်ဆွဲပြီး ရှင်းလိုက်တာ၊ သူက ဒီဘက်မှာဆိုရင် ပျူတွေကို သင်တန်းပို့ချတဲ့ သင်တန်းမှူးလုပ်တယ်၊ အဲဒါအပြင် မဲဇာကြောဘက်မှာဆိုရင် သူက ဒလန်အကြီးစားပေါ့” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးမောင်နိုင်မှာ ဝန်းသိုမြို့ ခမရ (၁၁၁) တပ်ရင်းမှ ဆေးပင်စင်ဖြင့် အငြိမ်းစားယူထားသူ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

အသက် ၄၀ ခန့်ရှိသည့် အင်းတော်ဒေသခံ အမျိုးသားတစ်ဦးကလည်း ဦးမောင်နိုင် အသတ်ခံရသည်ဟု ကြားသိရကြောင်း မဲဇာရွာသားများ၏ ပြောကြားချက်ကို ကိုးကားပြီး ပြောသည်။

ထိုသေဆုံးသူ ပျူစောထီးနည်းပြ ဟုတ်မဟုတ် Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။ 

တော်လှန်ရေးအင်အားစုက ရှင်းလင်းနေလင့်ကစား ဒလန်များက စစ်တပ်ကို သတင်း ဆက်ပေးနေဆဲဖြစ်သည်ဟု သိရသည်။

အင်းတော်ဒေသ တိုက်ပွဲများ

စစ်ကောင်စီ အထိုင်တပ်မရှိသည့် အင်းတော်မြို့တွင် မြို့အနီးတစ်ဝိုက်လုံခြုံရေးကို မဲဇာရဲစခန်းက ထိန်းချုပ်ထားသည်။

ထိုစခန်းတွင် ပျူစောထီးများကိုပါ စစ်ဝတ်စုံပေးကာ တပ်စွဲခိုင်းထားသည်ဟု အင်းတော်-PDF အဖွဲ့ထံမှ သိရသည်။

ထိုဒေသသည် ကချင်ပြည်နယ်နှင့် ကပ်လျက် တည်ရှိနေသဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ လှုပ်ရှားမှုကို တွေ့လာရသည်။

ဇူလိုင် ၁၁ ရက် နံနက်အစောပိုင်းက မဲဇာရဲစခန်းကို အင်းတော်-PDF နှင့် KIA တပ်များက ပူးပေါင်းတိုက်ခိုက်ရာ တိုက်ပွဲမှာ ပြင်းထန်ပြီး ၅ နာရီခန့်ထိ ကြာမြင့်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် စစ်သား၊ ရဲနှင့် ပျူစောထီး စုစုပေါင်း ၃၀ ခန့် သေဆုံးပြီး စစ်ကူလာသည့် စစ်ကြောင်းလည်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါ တိုက်ပွဲပြီးသည့်နောက် မဲဇာရဲစခန်းကို စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းခဲ့ပြီး အင်းတော်မြို့ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles